ဘီယာကုမ္ပဏီတစ်ခုဟာ ဘာစီလိုနာအတွက် မက်ဆီသွင်းခဲ့တဲ့ စံချိန်တင်သွင်းဂိုး ၆၄၄ ဂိုးကို ဂုဏ်ပြုတဲ့အနေနဲ့ ဂိုးခွင့်ပြုခဲ့ရတဲ့ ဂိုးသမားတွေဆီကို ဘီယာပုလင်းတွေပို့ခဲ့ပါတယ်။
မက်ဆီဟာ အရင်တစ်ပတ်က ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့ ပွဲမှာ ၆၄၄ ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘရာဇီး ဂန္ထဝင် ပီလီစံချိန်တင်ထားတဲ့ ကလပ်တစ်သင်းအတွက် ဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
Budweiser ဘီယာကုမ္ပဏီကတော့ ၆၄၄ နံပါတ်ရိုက်နှိပ်ထားတဲ့ ဘီယာပုလင်းတွေပေါ်မှာ မက်ဆီသွင်းခဲ့တဲ့ သွင်းဂိုးနံပါတ်စဉ်အလိုက် ဘီယာပုလင်းတွေပို့ခဲ့ပါတယ်။
အီတလီနဲ့ ဂျူဗင်တပ် ဂိုးသမားကြီး ဘက်ဖွန်ဆီကိုတော့ ဘီယာ ၂ လုံးရောက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ယှဉ်ပြိုင်စဉ်က ၂ ဂိုး အသွင်းခံခဲ့ရတာပါ။
အက်သလက်တီကိုမက်ဒရစ်ဂိုးသမား ဂျန်အိုဘလိတ်က ဘီယာ ၁၁ လုံးလက်ခံရရှိခဲ့ပြီး ဘီယာပုလင်းတွေအပေါ် မက်ဆီသွင်းခဲ့တဲ့ အမှတ်အစဉ်အလိုက် နံပါတ်တွေ ရေးသားထားပါတယ်။
ချဲလ်ဆီးဂိုးသမား ကတ်ပါက ၂ လုံးလက်ခံရရှိခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ပြန်တင် ထားတာကိုလည်း တွေ့ရပါတယ်။
မက်ဆီဟာ ရီးရဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်ကို ၁၇ ဂိုး အထိသွင်းယူဖူးတာကြောင့် ကာဆီးလက်စ်ဆီကိုတော့ ဘီယာ ၁၇ လုံးရောက်ရှိမယ်လို့ သိရပါတယ်။
2 months Ago