နေးဂဲလ်စမန်း

October 10, 2019

မန်ယူနည်းပြသစ်အဖြစ် နေးဂဲလ်စမန်းကို သဘောကျနေဟု သတင်းထွက်ပေါ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နှစ် ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံးရလဒ်တွေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ မှာရပ်တည်နေတာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာလည်း ဝေဝါးလာနေပါတယ်။ အသက် ၃၂ နှစ်ပဲရှိသေးတဲ့ လိုက်ဇစ်နည်းပြ နေးဂဲလ်စမန်းဟာ အသက် ၂၀ အ ရွယ်မှာပဲ ဒူးဒဏ်ရာရခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်က ဂျာမနီကလပ် ဟော့်ဖန်ဟိမ် အသင်းကိုစတင်ကိုင်တွယ်ခဲ့ပါတယ်။  အဲဒီအချိန်က အသက် ၂၈ နှစ်ပဲရှိသေးတာကြောင့် ဘွန်ဒက်လီဂါ သမိုင်းမှာ အသက်အငယ်ဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  မော်ရင်ဟို လက်သစ်လို့ တင်စားကြတဲ့  နည်းပြ နေးလ်ဂဲလ်စမန်းဟာ လက်ရှိရာသီမှာတော့ လိုက်ဇစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း ၁၀ ပွဲမှာ ၆ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရူံးရလဒ် ရရှိအောင်စွမ်း ဆောင်ထားပါတယ်။
2 years Ago
Up