နေ့အပူချိန်မြင့်တက်

June 26, 2020

ဗီယက်နမ်တွင် နေ့အပူချိန်မြင့်တက်မှုကြောင့် လယ်သမားများ မနက်အစောပိုင်း ဓာတ်မီးထွန်း ကောက်စိုက်

ဗီယက်နမ်နိုင်ငံမှာ နေ့အပူချိန် တအားမြင့်တက်နေတာကြောင့်  မြို့တော် ဟနွိုင်း  ဆင်ခြေဖုံး ရွာက လယ်သမားတွေဟာ မနက်အစောပိုင်း ဓာတ်မီးနဲ့ ကောက်စိုက်နေကြပါတယ်။   ဇွန်လစကတည်းက ဟနွိုင်းမှာ ကာလရှည် အပူလှိုင်းဖြတ်နေပြီး အပူချိန်က ၄၀ ဒီဂရီ  ဆဲလ်စီးယပ်စ်အထိ  မြင့်တက်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက  သမ်ထိုင်းရွာက လယ်သမားတွေ   မနက်  ၂ နာရီ အိပ်ရာထပြီး ကောက်စိုက်နေပါတယ်။  လယ်သမားတယောက်က အပူဒဏ် မခံနိုင်ကြောင်းနဲ့ စက်ယန္တရားအကူအညီ မပါရင် ကောက်ရိတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။  အမှောင်ထဲ ကောက်စိုက်ရတာကြောင့် အထွက်နှုန်း ထက်ဝက်အထိ ကျသွားပေမယ့်  နေ့အချိန်မှာထက် အချိန်ကြာကြာ ပိုလုပ်နိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ညဘက် ကောက်စိုက်ရတာက နေပူရှိန်ကြောင့် စပါးပင်တွေ ညှိုးမှာကိုလည်း ကာကွယ်ပေးတယ်လို့  ဆိုပါတယ်။ ဗီယက်နမ် အလယ်ပိုင်း ဟာသင်းပြည်နယ်ဟာ မနှစ်က စံချိန်တင် အပူချိန်မြင့်တက်ခဲ့ပြီး ၄၃ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ခဲ့ပါတယ်။   အခုနှစ် အပူချိန်ဟာ  မနှစ်က အပူချိန်အောက် လျော့နည်းပေမယ့်  ဗီယက်နမ်နိုင်ငံ ဒေသအတော်များများ အပူလှိုင်းဖြတ်တာတွေ ကြုံတွေ့နေတယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။
11 months Ago
Up