နေ့စဉ်ဈေးများ

A d v e r t i s e m e n t With Us

April 1, 2020

ကယားပြည်နယ်အတွင်း နေ့စဉ်ဈေးများအားလုံး တပတ် ၃ ရက်သာဖွင့်မည်

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID–19 ကာကွယ်ရေးအတွက် ကယားပြည်နယ်ထဲက နေ့စဉ်ဈေးတွေအားလုံး တပတ်ကို ၃ ရက်ပဲ ဖွင့်လှစ်ဖို့ ကယားပြည်နယ် အစိုးရအဖွဲ့ရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဈေးတွေကို ဆေးဖျန်းဖို့လုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်တဲ့အတွက် ဧပြီ ၃၀ ရက် အထိ နေ့စဉ်ဈေးအားလုံး တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ စနေ‌နေ့တွေမှာပဲ ဖွင့်လှစ်ဖို့နဲ့ ကျန်ရက်တွေကို ဆေးဖျန်းမှာဖြစ်ကြောင်း ဧပြီ ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအမိန့်စာမှာဖော်ပြပါတယ်။ ဒီအမိန့်ကြေညာစာကိုလည်း ပြည်သူတွေနေနဲ့ တိတိကျကျလိုက်နာဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။ ကယားပြည်နယ်မှာ COVID-19 နဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်အထိ သံသယရှိလူနာအဖြစ် စောင့်ကြပ်ကြည်ရှုထားသူ ၁၆ ဦး ရှိပြီး၊ ၁၄ ဦးမှာ ပို့မတွေ့ကြောင်းနဲ့ ကျန် ၂ ဦးကတော့ စစ်ဆေးချက်ပို့ဖို့ မလိုအပ်သူတွေ ဖြစ်တယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။ ကယားပြည်နယ်မှာ ဧပြီ ၁ ရက် ၁၂ နာရီအထိ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူ ၅၅၇ ဦးကို  Facility Quarantine သီးသန့်နေရာမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ထားပါတယ်။ 
11 months Ago
Up