နေ့ကလေးထိန်းဌာန

August 12, 2019

အမေရိကန် နေ့ကလေးထိန်းဌာနတွင် မီးလောင်၊ ကလေး ၅ ဦးသေဆုံး

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် အီရီမြို့က နေ့ကလေးထိန်းဌာနမှာ သြဂုတ် ၁၁ ရက် အစောပိုင်းက မီးလောင်မှုကြောင့် ကလေးငယ် ၅ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။  အိမ်ရှင်ကိုယ်တိုင်က နေ့ကလေးထိန်းဌာနကို ဖွင့်လှစ်သူ ဖြစ်တယ်လို့ ဒေသမီဒီယာ GoErie.com က အစီရင်ခံပါတယ်။ သေဆုံးသူ ၅ ယောက်ထဲက ၄ ယောက်က မိဘတွေ ညဘက် အချိန်ပို အလုပ်လုပ်နေချိန်မှာ နေ့ကလေးထိန်းဌာနမှာ နေတဲ့ ကလေးတွေလို့ ဒေသခံမီဒီယာက ပြောပါတယ်။ မီးလောင်ရတဲ့အကြောင်း ရဲတွေနဲ့ မီးသတ်အရာရှိတွေက စုံစမ်းစစ်ဆေးနေဆဲလို့ အီရီမြို့ ရဲဌာနအရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ သေဆုံးသူ ကလေးတွေရဲ့ နာမည်နဲ့ အိမ်ရှင်ရဲ့ နာမည်ကိုတော့ မပြောပါဘူး။  နေ့ကလေးထိန်းဌာနမှာ နေတဲ့ လူကြီးတယောက်လည်း ဆေးရုံတင် ကုသခံနေရပါတယ်။ သေဆုံးသူ ကလေး ၅ ယောက်ထဲမှာ ၄ ယောက်က မောင်နှမအရင်းတွေလို့ အဘွားဖြစ်သူကို ကိုးကားပြီး ဒေသမီဒီယာမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အေမရိကန္ ေန႔ကေလးထိန္းဌာနတြင္ မီးေလာင္၊ ကေလး ၅ ဦးေသဆုံး အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္ အီရီၿမိဳ႕က ေန႔ကေလးထိန္းဌာနမွာ ၾသဂုတ္ ၁၁ ရက္ အေစာပိုင္းက မီးေလာင္မႈေၾကာင့္ ကေလးငယ္ ၅ ေယာက္ ေသဆုံးခဲ့တယ္လို႔ ရဲေတြက ေျပာပါတယ္။ အိမ္ရွင္ကိုယ္တိုင္က ေန႔ကေလးထိန္းဌာနကို ဖြင့္လွစ္သူ ျဖစ္တယ္လို႔ ေဒသမီဒီယာ GoErie.com က အစီရင္ခံပါတယ္။ ေသဆုံးသူ ၅ ေယာက္ထဲက ၄ ေယာက္က မိဘေတြ ညဘက္ အခ်ိန္ပို အလုပ္လုပ္ေနခ်ိန္မွာ ေန႔ကေလးထိန္းဌာနမွာ ေနတဲ့ ကေလးေတြလို႔ ေဒသခံမီဒီယာက ေျပာပါတယ္။ မီးေလာင္ရတဲ့အေၾကာင္း ရဲေတြနဲ႔ မီးသတ္အရာရွိေတြက စုံစမ္းစစ္ေဆးေနဆဲလို႔ အီရီၿမိဳ႕ ရဲဌာနအရာရွိက ႐ိုက္တာ သတင္းဌာနကို ေျပာပါတယ္။ ေသဆုံးသူ ကေလးေတြရဲ႕ နာမည္နဲ႔ အိမ္ရွင္ရဲ႕ နာမည္ကိုေတာ့ မေျပာပါဘူး။ ေန႔ကေလးထိန္းဌာနမွာ ေနတဲ့ လူႀကီးတေယာက္လည္း ေဆး႐ုံတင္ ကုသခံေနရပါတယ္။ ေသဆုံးသူ ကေလး ၅ ေယာက္ထဲမွာ ၄ ေယာက္က ေမာင္ႏွမအရင္းေတြလို႔ အဘြားျဖစ္သူကို ကိုးကားၿပီး ေဒသမီဒီယာမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up