နော်ဝေတွင် ရုရှားသင်္ဘော မီးလောင်တိမ်းမှောက်၊ ရေနံဖိတ်စင်မှုမရှိရန် ကာကွယ်

September 27, 2019

နော်ဝေတွင် ရုရှားသင်္ဘော မီးလောင်တိမ်းမှောက်၊ ရေနံဖိတ်စင်မှုမရှိရန် ကာကွယ်

နော်ဝေနိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမှာ ရုရှားဆွဲပိုက်ချသင်္ဘောတစီး  တိမ်းမှောက်ခဲ့ပြီးနောက် စက်တင်ဘာ ၂၆ ရက်က ရေနံဖိတ်စင်တာတွေ မဖြစ်ဖို့ ကြိုတင်ကာကွယ်နေပါတယ်။    ဆိပ်ကမ်းမှာ ကပ်ထားတဲ့ ရုရှားသင်္ဘောဟာ စက်တင်ဘာ ၂၅ ရက်နေ့က မီးလောင်ပြီး တိမ်းမှောက်သွားခဲ့ပါတယ်။  ကမ်းခြေစောင့်တပ်ဖွဲ့အဆိုအရ သင်္ဘောပေါ်မှာ လောင်စာလီတာ နှစ်သိန်းဝန်းကျင်  တင်ဆောင်ထားတယ်လို့ သိရပါတယ်။  ဘွတ်ခ်တာ နာရေဇနစ်ဆိုတဲ့ သင်္ဘောမီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသတင်းကို မသိရသေးသလို မီးလောင်အကြောင်းအရင်းကိုလည်း ရဲက အတည်မပြုသေးပါဘူး။  ရုရှားသင်္ဘော မီးလောင်မှုကြောင့် နော်ဝေမြောက်ပိုင်း တက္ကသိုလ်ဆေးရုံ လုပ်ငန်းဆောင်တာတွေကို ရပ်ပစ်ခဲ့ပြီး အဲဒီဒေသက ကျောင်းအတော်များများကို ပိတ်ပစ်ခဲ့ပါတယ်။   အဲဒီနောက် မီးလောင်နေရာဝန်းကျင်အနီးက လူ ၁၀၀ နီးပါးကို ဘေးလွတ်ရာပြောင်းပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ ========================= ေနာ္ေဝတြင္ ႐ုရွားသေဘၤာ မီးေလာင္တိမ္းေမွာက္၊ ေရနံဖိတ္စင္မႈမရွိရန္ ကာကြယ္ DVB ေနာ္ေဝႏိုင္ငံေျမာက္ပိုင္း ဆိပ္ကမ္းမွာ ႐ုရွားဆြဲပိုက္ခ်သေဘၤာတစီး  တိမ္းေမွာက္ခဲ့ၿပီးေနာက္ စက္တင္ဘာ ၂၆ ရက္က ေရနံဖိတ္စင္တာေတြ မျဖစ္ဖို႔ ႀကိဳတင္ကာကြယ္ေနပါတယ္။ ဆိပ္ကမ္းမွာ ကပ္ထားတဲ့ ႐ုရွားသေဘၤာဟာ စက္တင္ဘာ ၂၅ ရက္ေန႔က မီးေလာင္ၿပီး တိမ္းေမွာက္သြားခဲ့ပါတယ္။ ကမ္းေျခေစာင့္တပ္ဖြဲ႕အဆိုအရ သေဘၤာေပၚမွာ ေလာင္စာလီတာ ႏွစ္သိန္းဝန္းက်င္  တင္ေဆာင္ထားတယ္လို႔ သိရပါတယ္။ ဘြတ္ခ္တာ နာေရဇနစ္ဆိုတဲ့ သေဘၤာမီးေလာင္မႈေၾကာင့္ ေသဆုံးဒဏ္ရာရသတင္းကို မသိရေသးသလို မီးေလာင္အေၾကာင္းအရင္းကိုလည္း ရဲက အတည္မျပဳေသးပါဘူး။ ႐ုရွားသေဘၤာ မီးေလာင္မႈေၾကာင့္ ေနာ္ေဝေျမာက္ပိုင္း တကၠသိုလ္ေဆး႐ုံ လုပ္ငန္းေဆာင္တာေတြကို ရပ္ပစ္ခဲ့ၿပီး အဲဒီေဒသက ေက်ာင္းအေတာ္မ်ားမ်ားကို ပိတ္ပစ္ခဲ့ပါတယ္။ အဲဒီေနာက္ မီးေလာင္ေနရာဝန္းက်င္အနီးက လူ ၁၀၀ နီးပါးကို ေဘးလြတ္ရာေျပာင္းေပးခဲ့တယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။
2 years Ago
Up