နော်ဝေ

June 13, 2021

နော်ဝေနိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲ ကျင်းပ

မြန်မာ့အရေးဟာ ကမ္ဘာ့အရေးဖြစ်ကြောင်း နိုင်ငံတကာသို့ နှိုးဆော်တဲ့အနေနဲ့  နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို ဇွန်လ ၁၂ ရက်က ကျင်းပပါတယ်။

NUG အစိုးရကိုဝန်းရံကြ၊ စစ်အာဏာရှင်ဖြုတ်ချရေး တို့အရေး၊ ဖမ်းဆီးခံအကျဉ်းသားများ ချက်ချင်းလွှတ် စတဲ့ကြွေးကြော်သံတွေနဲ့ အဖြူရောင်ဝတ်စုံဆင်တူဝတ် မြန်မာပြည်သားတွေနဲ့  နော်ဝေလူမျိုးတွေ အင်အား ၁၀၀ ကျော်လောက်ဟာ မြို့တော်အော်စလိုရဲ့ ပါလီမန်အဆောက်အဦ ရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေက နွေဦးတော်လှန်ရေးအတွင်းကျဆုံးသွားသူများအတွက်ရည်စူးပြီး ငြိမ်သက်အလေးပြုတာ၊ နှင်းဆီပန်းတွေချဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့သလို မြန်မာအမျိုးသမီးများ အဖွဲ့ကလည်း ပြည်တွင်း CDM ထောက်ပံ့ရေးရံပုံငွေရှာတဲ့အနေနဲ့ မြန်မာအစားအသောက်တွေ၊ အမှတ်တရပစ္စည်းတွေရောင်းကြတယ်လို့ CRPH Support Group- Norway  သတင်းပြန်ကြားအဖွဲ့က ထုတ်ပြန် ပါတယ်။

အလားတူဆန္ဒပြပွဲကို နိုင်ငံပေါင်း ၂၅ နိုင်ငံရဲ့ မြို့ကြီး ၅၀ လောက်မှာလည်း ပြုလုပ်ခဲ့ကြပြီး  သက်ဆိုင်ရာ နိုင်ငံတွေမှာရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေနဲ့ ဒေသခံတွေ ပူးပေါင်းကာ ကမ္ဘာ့စက်မှုအင်အားကြီး (G7)နိုင်ငံတွေကို ဖိအားတဲ့ Global Action လှုပ်ရှားမှာ လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

7 days Ago

February 20, 2021

စစ်အစိုးရခိုင်းသည့်အတိုင်း မပူးပေါင်းရန် နော်ဝေ တယ်လီနောရုံးချုပ်ရှေ့ အစာငတ်ခံဆန္ဒပြ

အာဏာသိမ်းစစ်အစိုးရ ခိုင်းတဲ့အတိုင်း အင်တာနက်ဖြတ်တောက်မှုတွေမှာ မပူးပေါင်းဖို့ နော်ဝေနိုင်ငံ အော်စလိုမြို့ တယ်လီနောရုံးချုပ်ရှေ့မှာ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦး မနေ့က အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကတည်းက နော်ဝေနိုင်ငံ လွှတ်တော်ရုံးရှေ့မှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ 

အခုလို နော်ဝေးနိုင်ငံရောက် မျိုးဆက်သစ်လူငယ် အမျိုးသမီးနှစ်ဦး အစာငတ်ခံ ဆန္ဒပြနေတာကို နော်ဝေသတင်းဌာနတွေမှာလည်း ဖော်ပြနေပါတယ်။

အခုလို နော်ဝေးနိုင်ငံရောက် မျိုးဆက်သစ် လူငယ် အမျိုးသမီးနှစ်ဦး အစာငတ်ခံ ဆန္ဒပြနေတာကို နော်ဝေသတင်းဌာနတွေမှာလည်း ဖော်ပြနေတယ်လို့ နော်ဝေရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

4 months Ago
More News
Up