နောင်တမရ

January 14, 2021

စီရော်နယ်ဒိုကို မခေါ်ခဲ့မှု  နောင်တမရဟု ဘာစီလိုနာ ဥက္ကဋ္ဌဟောင်းပြော

စီရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမဲ့ မခေါ်ယူခဲ့တဲ့အပေါ်မှာ နောင်တမရကြောင်း ဘာစီလိုနာ ဥက္ကဋ္ဌဟောင်း လာပေါ်တာက ပြောပါတယ်။  ၂၀၀၃ ခုနှစ်က ဘာစီလိုနာအသင်းက စီရော်နယ်ဒိုကို ယူရို ၁၇သန်းနဲ့ ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမဲ့ အဲဒီအချိန်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ လာပေါ်တာက ခေါ်ယူဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။  ဘာစီလိုနာက ခေါ်ယူမယ်ဆိုရင် ယူရို ၁၇ သန်းနဲ့ ရမှာဖြစ်ပေမဲ့ မန်ယူနိုက်တက်အသင်းကို ယူရို ၁၉ သန်းနဲ့ ရောင်းချခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ဖူးကြောင်း လာပေါ်တာ က ဆိုပါတယ်။  အဲဒီအချိန်က ရော်နယ်ဒင်ဟိုကို ခေါ်ယူခဲ့ပြီးသားဖြစ်တာကြောင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ လက် မခံခဲ့တာ ဖြစ်ပြီး နောင်တရစရာ မရှိကြောင်း ဥက္ကဋ္ဌဟောင်း လာပေါ်တာက ပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။ 
1 year Ago

December 19, 2020

ဒက်ကလန်ရိုက်ကို ထွက်ခွင့်ပြုခဲ့ခြင်းအပေါ် နောင်တမရဟု နည်းပြ လမ်းပတ်ပြော

ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ဖူးတဲ့အပေါ် အသင်းဘက်က နောင်တရစရာ မရှိဘူးလို့ နည်းပြ လမ်းပတ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒက်ကလန်ရိုက်ကို ၁၄ နှစ် အရွယ်မှာ အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာတော့ ဒက်ကလန်ရိုက်ကို ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ပေါင်သန်း ၇၀ အထိ ပေးချေရနိုင်တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ တနင်္လာနေ့မှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒက်ကလန်ရိုက်က အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ ဒက်ကလန်ရိုက်က ဝက်စ်ဟမ်းအတွက်ရော အင်္ဂလန်အတွက်ပါ နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ်ပြီး လူငယ်ကစားသမားဘဝတုန်းက ချဲလ်ဆီးအသင်းဘက်က ထွက်ခွာခွင့်ပြုခဲ့တဲ့ အပေါ် နောင်တရစရာ မရှိကြောင်း နည်းပြ လမ်းပတ်က ပြောခဲ့တာပါ။ ဒက်ကလန်ရိုက်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပြသနိုင်ခဲ့ တာ ဖြစ်လို့ ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ်လို့ လမ်းပတ်က ဆိုပါတယ်။
1 year Ago
More News
Up