နောက်ပြန်သွားနေသည့်အသင်း

A d v e r t i s e m e n t With Us

June 22, 2020

နောက်ပြန်သွားနေသည့်အသင်းဟု အာဆင်နယ်ကို ဂန္ထဝင်ကစားသမား ရေးပါလာ ဝေဖန်

အာဆင်နယ်အသင်းဟာ နောက်ပြန်သွားနေတဲ့အသင်း ဖြစ်တယ်လို့ အသင်းဂန္ထဝင်ကစားသမား ရေးပါလာက ဝေဖန်လိုက်ပါတယ်။  အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ ဘရိုက်တန်အသင်းတွေနဲ့ ပွဲတွေမှာ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်  ၁၀ မှာ ရပ်တည်နေတာပါ။  မန်စီးတီးအသင်းနဲ့ပွဲကို ရှုံးနိမ့်ခဲ့တာကို လက်ခံနိုင်ပေမယ့် ဘရိုက်တန်နဲ့ပွဲစဉ်က မဖြစ်အနေ အနိုင်ယူရမှာဖြစ်ပြီး လက်ခံနိုင်စရာမရှိတဲ့ ရလဒ်ဖြစ်တယ်လို့ ရေးပါလာက ပြောပါတယ်။  အာဆင်နယ်အနေနဲ့ ဦးဆောင်ဂိုး စတင်ရရှိပြီး နိုင်ပွဲရဖို့ အကောင်းဆုံးအခြေအနေ ရောက်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းတွေကို အခွင့်အရေးတွေ အမြဲတမ်းပေးနေတာက လက်ရှိအသင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာလို့ ရေးပါလာက ပြောပါတယ်။  ပရိသတ်တွေဘက်က နိုင်ပွဲတွေ၊ ဆုဖလားတွေနဲ့ အဆင့် ၅ နေရာနဲ့ နီးစပ်လာဖို့ အလိုရှိနေကြပေမဲ့ အာဆင်နယ်အသင်းကတော့ နောက်ပြန်သွားနေတဲ့ အသင်းဖြစ်လာတယ်လို့ ကွင်းလယ်ကစားသမားဟောင်းရေးပါလာက ဝေဖန်ခဲ့ပါတယ်။  ရေးပါလာဟာ အာဆင်နယ်မှာ ၁၄ နှစ် ကြာကစားခဲ့ပြီး အမှတ်ပေးချန်ပီယံဖလား ၃ လုံးနဲ့ အက်ဖ်အေဖလား ၄ လုံး ရယူနိုင်ခဲ့ပါတယ်။
8 months Ago
Up