နောက်တန်းသမား

October 19, 2019

လီဗာပူးက နောက်တန်းသမား မာတစ်ကို နှစ်ရှည် စာချုပ်သက်တမ်းတိုး

လီဗာပူးအသင်းက နောက်တန်းသမား မာတစ်ကို နှစ်ရှည်စာချုပ်နဲ့ သက်တမ်းတိုးလိုက်ပါတယ်။  အသက် ၂၈ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင် မာတစ်ဟာ စာချုပ်သစ်ကြောင့် လီဗာပူးမှာ ၂၀၂၄ အထိ ရှိနေမှာပါ။  အသင်းရဲ့ အစိတ်အပိုင်းအဖြစ် အကြာကြီး ရှိရမှာ ဖြစ်တယ်လို့ အရမ်းကျေနပ်ပါတယ်လို့ မာတစ်က ပြောပါတယ်။  မာတစ်ဟာ လီဗာပူးကို ၂၀၁၆ မှာ ဂျာမန်ကလပ် ရှောကဲကနေ ရောက်ရှိလာတာပါ။ သူဟာ လီဗာပူးအသင်းကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ချန်ပီယံဖြစ်အောင် အဓိက နေရာကနေ ကူညီပေးထားပါတယ်။ 
2 years Ago
Up