နောက်တန်း

November 11, 2019

မန်စီးတီး နောက်တန်းအားနည်းချက်ကြောင့် လီဗာပူးကို ရှုံးနိမ့်ဟု သုံးသပ် 

လီဗာပူးနဲ့ မနေ့ညက ကန်တဲ့ပွဲစဉ်မာ မန်စီးတီး နောက်ခံလူတွေရဲ့ အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့ရတာ ဖြစ်တယ်လို့ ယူနိုက်တက် နောက်ခံလူဟောင်း နဗီးလ်က သုံးသပ်လိုက်ပါတယ်။  မန်စီးတီးအသင်းဟာ လီဗာပူးကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမားနေရာမှာ အီဒါဆန် ဒဏ်ရာရနေတာကြောင့် ဘရာဗိုနဲ့ ပွဲထွက်ခဲ့ရပါတယ်။ ခံစစ်မှာလည်း ဝေါ်ကာ ပါဝင်လာခဲ့ပေမယ့် လူငယ် ကစားသမား အိန်ဂျယ်လီနို၊ ဂျွန်စတုန်းစ် နဲ့ ဖာနန်ဒင်ညိုတို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခံစစ်စုဖွဲ့မူဟာ အနိုင်ရဖို့အတွက် လုပ်ဆောင်နိုင်စွမ်းမရှိခဲ့ဘဲ နည်းပြ ဂွါဒီယိုလာအနေနဲ့ ခံစစ် သုံးယောက်ထားပြီး ကစားကွက်အသစ် လုပ်ဆောင်သင့်ကြောင်း နဗီးလ်က ပြောပါတယ်။ မန်စီးတီးအနေနဲ့ ကစားပုံ ကောင်းမွန်ခဲ့ပေမယ့်လည်း လီဗာပူးနဲ့ ပွဲမှာတော့ ခံစစ်ပိုင်းမှာတော့ သုံးယောက်ထားပြီး တီထွင်ဆန်းသစ်တဲ့  ကစားကွက်တခု အသုံးပြုခဲ့မယ်ဆိုရင် ပိုကောင်းနိုင်ကြောင်း နဗီးလ်က သုံးသပ်ခဲ့ပါတယ်။
2 years Ago
Up