နောက်ဆုံးအဆင့်

July 27, 2020

နျူကလီးယားထိပ်ဖူးတပ်လက်နက်များ တပ်ဆင်စမ်းသပ်မှု နောက်ဆုံးအဆင့်ရောက်ဟု ရုရှား ပြော

ရုရှားရေတပ်ဟာ အသံထက်မြန်ပြီး နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ လက်နက်တွေနဲ့ ရေအောက်သွား နျူကလီးယား စွမ်းအင်သုံး ဒရုန်းယာဉ်တွေကို တပ်ဆင် စမ်းသပ်မှုဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ဇူလိုင် ၂၆ရက်မှာ ပြောလိုက်ပါတယ်။ ပူတင်ဟာ ရုရှ နျူကလီးယား လက်နက်တွေရဲ့ မျိုးဆက်သစ်တွေအကြောင်းကို မကြာခဏ ပြောတတ်သူဖြစ်ပြီး ဒီလက်နက်တွေဟာ ကမ္ဘာပေါ်က ဘယ်နေရာထိကိုမဆို အားလုံးနီးပါး ထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ အနောက်ဥရောပ ပညာရှင်တချို့ကတော့ ရုရှားတွေ ဘယ်လောက် ခေတ်မီနေပြီလဲဆိုတာ မေးခွန်းထုတ်ပါတယ်။ စစ်တပ်မှာ မတပ်ဆင်ရသေးတဲ့ လက်နက်တွေလည်း ရှိနေပြီး ပိုဆီဒွန် ရေအောက် နျူကလီးယား ဒရုန်းယာဉ်ကို ရေငုပ်သင်္ဘောတွေမှာ တပ်ဆင်ဖို့ ရည်မှန်းပုံစံထုတ်ထားပါတယ်။ ဇာကွန် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်ကိုတော့ ရေပြင်မှာ မောင်းတဲ့ သင်္ဘောတွေမှာ တပ်ဆင်မယ်လို့ သိရပါတယ်။ အသံထက် ငါးဆပိုမြန်အောင် သွားနိုင်မှု၊ အသံထက်မြန်တဲ့ ဒုံးကျည်တွေရဲ့ အရှိန်၊ ထိန်းချုပ်ရ လွယ်ကူမှုနဲ့ အမြင့် တို့ကြောင့် ခြေရာခံဖို့နဲ့ ကြားဖြတ် ပစ်ချဖို့ ခက်ခဲတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
1 year Ago

December 18, 2019

အာဆင်နယ်နည်းပြနေရာအတွက် အာတေတာနှင့် ဆွေးနွေးမှု နောက်ဆုံးအဆင့် ရောက်ရှိ

အာဆင်နယ်အသင်းရဲ့ နည်းပြရာထူး နေရာအတွက် မန်စီးတီး လက်ထောက်နည်းပြ မီခယ်အာတေတာနဲ့ ဆွေးနွေးနေမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီးတော့ မကြာခင်မှာတော့ အဖြေတခု ထွက်ပေါ်လာဖို့ ရှိနေပါတယ်။  လက်ရှိ ဂွါဒီယိုလာ လက်အောက်မှာ လက်ထောက်အဖြစ် လုပ်ကိုင်နေတဲ့ အာတေတာဟာ ကစားသမားဘဝကတည်းက နည်းပြ အာဆင်ဝင်းဂါးနဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး မကြာခဏ ဆွေးနွေးလေ့ရှိသူ ဖြစ်ပါတယ်။ လက်ရှိ ဂွါဒီယိုလာကိုယ်တိုင်က အာတေတာကို ဆုံးရှုံးရမှာ စိုးရိမ်မိတယ်ဆိုပြီး ပြောရတဲ့အထိ အရည်အချင်းရှိ တက်သစ်စ နည်းပြတဦး ဖြစ်ပါတယ်။  နောက်ဆုံးရရရှိတဲ့  သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်အသင်းရဲ့ ဒါရိုက်တာ ဂျော့ရှ်ခရွန်ခီနဲ့ သီးသန်တွေ့ဆုံခဲ့တာကြောင့် ယာယီနည်းပြ လွန်းဘော့ဂ်ထံကနေ အာဆင်နယ်အသင်းကို အလျင်အမြန် လက်လွှဲရယူသွားဖို့ ရှိနေပါတယ်။
2 years Ago
Up