နောက်ဆုံးထုတ်

September 2, 2020

ဆမ်ဆောင်း၏ နောက်ဆုံးထုတ် Galaxy Z Fold 2 အကြီးဆုံးခေါက်ဖုန်းဖြစ်လာ

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက နောက်ဆုံးထုတ်လိုက်တဲ့ ခေါက်လို့ရတဲ့ ဖုန်းဟာ ပထမဆုံးထုတ်တဲ့  Galaxy Fold ထက် မျက်နှာပြင်က ၁၂ ရာခိုင်နှုန်းပိုကြီးပြီး ဖြန့်လိုက်ရင် တက်ဘလက်အရွယ်အစားရှိလို့ ထုတ်ပြီးသမျှ ခေါက်ဖုန်းတွေထဲမှာ အကြီးဆုံး ဖြစ်လာပါတယ်။ စက်တင်ဘာ ၁ ရက်က ထုတ်ပြလိုက်တဲ့ Galaxy Z Fold2 ရဲ့ မျက်နှာပြင်ဟာ ဖြန့်ထားချိန်မှာ ၇ ဒသမ ၆ လက်မ ရှိနေတာပါ။ 5G မော်ဒယ်ဖုန်းဟာ ဆမ်ဆောင်းရဲ့ ဈေးအကြီးဆုံးခေါက်ဖုန်းလည်းဖြစ်ပြီး အမေရိကန်နိုင်ငံထဲမှာ ၁၉၉၉ ဒေါ်လာနဲ့ ရောင်းမှာပါ။ မနှစ်က ထုတ်တဲ့ Galaxy Fold ဖုန်းကိုတော့ ၁၉၈၀ ဒေါ်လာနဲ့ ရောင်းခဲ့ပါတယ်။ ခေါက်ဖုန်း မော်ဒယ်သစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးက ဖန်တီးခဲ့တဲ့ စီးပွားရေး မသေချာမှုတွေကြားမှာ ခက်ခဲတဲ့ ဈေးကွက်ကို ရင်ဆိုင်နေရပါတယ်။ Galaxy Z Fold 2 ဖုန်းကိုအနက်နဲ့ ကြေးညိုရောင် ၂ မျိုး ထုတ်လုပ်ထားတာပါ။ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၄၀ မှာ တပြိုင်နက် ရောင်းချမယ်လို့ ဆမ်ဆောင်းက ကြေညာထားပါတယ်။
1 year Ago
Up