နောက်ခံလူစာရင်း

September 15, 2020

၂ နှစ်အတွင်း အမှားကျူးလွန်မှုအများဆုံးနောက်ခံလူ စာရင်း၌ ဗန်ဒိုက် ပါဝင်နေ

လီဗာပူး နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီနောက်ပိုင်း အမှားကျူးလွန်မှု အများဆုံး ကစားသမားစာရင်းဝင်နေတယ်လို့ သိရပါတယ်။  လိဒ်ယူနိုက်တက်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဗန်ဒိုက်က အမှားတစ်ကြိမ်ကျူးလွန်ခဲ့ပြီး လိဒ်တိုက်စစ်မှူး ဘမ်းဖို့ဒ်က ဗန်ဒိုက်ရဲ့အမှားကနေ ဂိုးသွင်းယူခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း ဗန်ဒိုက်ရဲ့ အမှားကနေ နယ်ဆင်က ဘောလုံးရရှိသွားပြီး လာကာဇက်က ဂိုးသွင်းခဲ့ပါတယ်။ အလားတူ ၂၀၁၉ ခုနှစ် မတ်လတုန်းက ကစားခဲ့တဲ့ ဖူဟမ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း  ဗန်ဒိုက်က ဂိုးသမားကို ခေါင်းတိုက်ချပေးရကနေတဆင့် ဘာဘယ်က ဖူဟမ်အတွက် ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။  ၃ ကြိမ် အမှားကျူးလွန်ခဲ့တဲ့ ဗန်ဒိုက်လိုပဲ အာဆင်နယ်နောက်ခံလူ ဒေးဗစ်လုဇ်၊ စပါး နောက်ခံလူ ဒယ်နီရို့စ်တို့ဟာလည်း ၃ ကြိမ်စီ အမှားကျူးလွန်ခဲ့ကြောင်း  အချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Squawka ရဲ့ စစ်တမ်းမှာ ဖော်ပြပါတယ်။ ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးအတွက် ၁၂၄ ပွဲ ကစားပေးထားပြီး ချန်ပီယံလိဂ် ဆုဖလားနဲ့ ပရီးမီးယားလိဂ ချန်ပီယံဆုဖလားတွေကို ရယူထားပါတယ်။
1 year Ago
Up