နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး

A d v e r t i s e m e n t With Us

January 10, 2021

တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်မှာ ဇန်နဝါရီလ ၁၀  ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်က မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁ လုံး၊ ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကားဂိုဒေါင်အတွင်းမှာရှိတဲ့ ရေမော်တာကို မပိတ်မိရာကနေ ဝါယာအပူလွန်ကဲကာ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ တန့်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးမှုး ဦးခင်မောင်လတ်က ပြောပါတယ်။

"ကားဂိုဒေါင်ထဲမှာရှိတဲ့ ရေတင်တဲ့ မော်တာကိုဖွင့်ထားတာ၊ မိန်းခလုပ်ကို မပိတ်မိတာပေါ့။ အဲ့ဒီကနေ အပူလွန်ကဲပြီး ဆိုင်ကယ်နဲ့ ကာပေါ်လင်စတွေအပေါ် မီးပွားကျရာကနေ နေအိမ်ကို ကူးစက်ခဲ့တာပါ။"

မီးလောင်ကျွမ်းရာမှာ ကား ၂ စီး၊ ဆိုင်ကယ် ၁ စီး၊ အိမ်တွင်းပစ္စည်းတွေ၊ ဂိုဒေါင်အနည်းငယ်နဲ့ သွပ်မိုးအုပ်ကာပျင်ခင်း နှစ်ထပ်အိမ် ၁ လုံး၊ စုစုပေါင်း တန်ဖိုးငွေ (၂၄၁,၉၀၀၀၀) ကျပ်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို မီးသတ်ရေယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၆ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သတ်ပြီး အိမ်ပိုင်ရှင်ဦးစောလွင်ကို တန့်ဆည်မြို့မရဲစခန်းကနေ မီးပေါ့ဆမှု ပုဒ်မ (၂၈၅) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

2 months Ago
Up