နေအိမ် ၁၄ လုံး မီးလောင်

March 22, 2020

ဆောတွင် တောမီးကြောင့် နေအိမ် ၁၄ လုံး မီးလောင် ဆုံးရှုံး

မကွေးတိုင်း၊ ဆောမြို့နယ် ပေါက်ချောင်းရွာမှာ မတ် ၂၁ က တောမီးလောင်ရာကနေ နေအိမ် ၁၄ မီးကူးစက်လောင်ခဲ့တယ်လို့ သိရပါတယ်။ ဆောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က “ပေါက်ချောင်း ရွာမှာ မွန်းလွဲ ၂ နာရီလောက်က တောမီးကနေတဆင့် ကူးစက်လောင်ကျွမ်းခဲ့တာပါ၊ လူသွားလမ်းပဲရှိတဲ့အတွက် မီးသတ်ကားတွေ မဝင်နိုင်ဘူး။ လိုအပ်တဲ့အကူညီတွေ ပေးဖို့ မကွေးတိုင်း လူမှုရေးဝန်ကြီးဆီ တင်ပြထားတယ်” လို့ ပြောပါတယ်။ အဲဒီကျေးရွာဟာ ဆောမြို့နဲ့ မိုင် ၃၀ လောက်ဝေးပြီး ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတာပါ။ အိမ်ခြေ ၁၈ အိမ်လောက်သာရှိပေမယ့် ကျေးရွာအမိန့်ကျပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ မင်းထီး
2 years Ago
Up