နေအိမ် ၁၁ လုံး

September 20, 2020

ရေးမြို့နယ်တွင် လေပြင်းကြောင့် နေအိမ် ၁၁ လုံးနှင့် ငါးလှန်းကြပ်စင်များ ပြိုကျပျက်စီး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စက်တင်ဘာ ၁၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဇီးဖြူသောင်ကျေးရွာနဲ့ အံဒင်ကျေးရွာအုပ်စု ဓမင်းဆိပ်(ရွာသစ်)တို့မှာ လူနေအိမ် ၁၁ လုံးနဲ့ ငါးလှန်းကြပ်စင်တွေ ပြိုကျခဲ့ပျက်စီးခဲ့ပါတယ်။ ဇီးဖြူသောင်ကျေးရွာမှာ လူနေအိမ် ၇ လုံး ပြိုကျပြီး အိမ် ၁ လုံး သစ်ပင်ပိကာ၊ အိမ် ၆ လုံး ယိုင်နဲ့သွားပါတယ်။ ပင်လယ်ရေလှိုင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ပြီး ကျေးရွာထဲကို ပင်လယ်ရေ ဝင်ရောက်ကာ လယ်ကွင်းတွေမှာ တာတမံကျိုးပေါက်ခဲ့တယ်လို့ ကျေးရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်(ရွာသစ်) မှာ လူနေအိမ် ၄ လုံး အပါအဝင် ငါးလှန်းကြပ်စင် ၂၃ ခု ပြိုကျပျက်စီးခဲ့ပြီး တန်ဖိုးကျပ်သိန်း ၂၀၀ ကျော် ဆုံးရှုံးခဲ့သလို တာတမံကျိုးပေါက်မှုကြောင့် မွေးမြူရေးငါး ကျပ်သိန်း ၁၀၀ ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ဓမင်းဆိပ်ရွာသစ်ရွာခွဲ ခေါင်းဆောင် ဦးဝင်းက  ပြောပါတယ်။ သတင်း - ဝင်းနိုင်သက်
8 months Ago
Up