နေအိမ်အလုံး ၂၀

August 5, 2021

ဘန်ကောက်တွင် လင်မယားရန်ဖြစ်ရာက နေအိမ်အလုံး ၂၀ ကျော် မီးလောင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ယန်နာဝါနယ်မြေ၊ ဖရလမ်းဆာမ်လမ်း၊ ယင်အားကတ်လမ်းသွယ် ၂ ထဲမှာ  ဩဂုတ် ၄ ရက် မနက်အစောပိုင်းက  မီးလောင်မှုဖြစ်ပွားပြီး နေအိမ်အလုံး ၂၀ ကျော် မီးထဲပါသွားတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလမ်းကြားထဲမှာ ပျဉ်ထောင်အိမ်တွေက တစ်လုံးနဲ့ တစ်လုံးကပ်လျက်ဖြစ်နေပြီး လူအများ အိပ်မောကျချိန်လည်းဖြစ်သလို မီးလောင်မှုမြန်ဆန်လွန်းတဲ့အတွက် လူတွေကိုယ် လွတ်ရုန်းထွက်ပြေးခဲ့ကြရပါတယ်။

မီးသတ်ကားတွေက နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိပေမဲ့ အိမ်တွေထဲက  အဖိုးတန်ပစ္စည်းတွေ၊ အိမ်ထောင်ပရိ ဘောဂတွေ အားလုံးလောင်ကျွမ်းသွားတာကြောင့် ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေး အဆင်မပြေရတဲ့ထဲ ထပ်ပြီးအိမ်မီးလောင်ခံရတော့ တစ်ပူပေါ်နှစ်ပူဆင့်နေကြတယ်လို့ ဆိုပါတယ်။ 

မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ ဒီမတိုင်ခင်က အိမ်တစ်အိမ်မှာ လင်မယားစ ကားများ ရန်ဖြစ်ပြီး လင်ဖြစ်သူက အိမ်ကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်သံကြားကြောင်း ၊ အဲဒီ နောက်တော့ မီးလောင်မှုဖြစ်ခဲ့တာလို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။

လောလောဆယ် အဆိုပါလင်မယား နှစ်ယောက်လုံးကို ထုန့်မဟာမေ့ခ်နယ်မြေရဲစခန်းက  ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

4 months Ago
Up