နေအိမ်ဖယ်ရှား

October 29, 2020

နေအိမ်ဖယ်ရှားခိုင်းသဖြင့် ဌာနေတိုင်းရင်းသားများနှင့် ကိုလံဘီယာရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

ကိုလံဘီယာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက်က ဌာနေတိုင်းရင်းသားတွေရဲ့ နေအိမ်တွေကို ရဲတပ်ဖွဲ့က ဖယ်ရှားရာကနေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။  အမေဇုန်ဒေသ  လက်တီရှာ စည်ပင်သာယာနယ်မြေရှိ တဲစုတွေကို ဖယ်ရှားတဲ့ ရဲတွေနဲ့ တိုင်းရင်းသားတွေ ထိပ်တိုက်ဖြစ်ခဲ့တာပါ။  နေအိမ်တွေက ဖယ်ပေးဖို့ ငြင်းဆန်တဲ့ တိုင်းရင်းသားတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး အတင်းဖယ်ရှားခဲ့ကြပါတယ်။  ဒေသမီဒီယာတွေအဆိုအရ လွန်ခဲ့တဲ့ ရက် ၅၀ က တိုင်းရင်းသားတွေ  နေအိမ်ဆောက်လုပ် နေထိုင်ကြပြီး‌ေနာက်မှာ အိမ်ထောင်စု ၆၀ ကျော် ဖယ်ရှားခံရတယ်လို့ဆိုပါတယ်။  ကိုလံဘီယာအမေဇုန်ဒေသဟာ နိုင်ငံရဲ့ အဆင်းရဲဆုံးဒေသတွေထဲက တခုဖြစ်ပြီး မြေလွတ်တွေပေါ်မှာ နေအိမ်ဆောက်နေရုံမှတပါး တခြားရွေးချယ်စရာ မရှိဘူးလို့  ဒေသခံတွေက ဆိုကြပါတယ်။
1 year Ago
Up