နေရှင်းလိဂ်အုပ်စုပွဲစဉ်

October 12, 2020

နေရှင်းလိဂ်အုပ်စုပွဲစဉ်တွင် နာမည်ကြီး ဘယ်လ်ဂျီယံကို အင်္ဂလန်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နေရှင်းလိဂ်အုပ်စုပွဲစဉ်မှာ အင်္ဂလန်က နာမည်ကြီး ဘယ်လ်ဂျီယံကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ ဘယ်လ်ဂျီယံက ပွဲအစ ၁၆ မိနစ်မှာ တိုက်စစ်မှူး လူကာကူ သွင်းတဲ့ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။  ဝမ်ဘလေကွင်းကြီးမှာ ကစားတဲ့ဒီပွဲမှာ အင်္ဂလန်က နောက်ကနေ လိုက်ကစားခဲ့ရပြီး ချေပ ဂိုးကို ၃၉ မိနစ်မှာ တိုက်စစ်မှူး မားကပ်ရပ်ဖို့ဒ်၊ အနိုင်ဂိုးကို ၆၄ မိနစ်မှာ မေဆန်မောင့်က သွင်းယူပါတယ်။  လက်ရှိ ကမ္ဘာ့အဆင့် ၄ ဖြစ်တဲ့ အင်္ဂလန်က အုပ်စုတွင်းမှာ ၃ ပွဲကစားထားရာမှာ ၇ မှတ်ရပြီး ဦးဆောင်နေပါတယ်။ 
7 months Ago
Up