နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံ

A d v e r t i s e m e n t With Us

December 19, 2019

မိုင်းပေါက်ကွဲခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မာန်အောင်ဓာတ်အားပေးစက်ရုံဖွင့်ပွဲ တက်ရောက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဒီဇင်ဘာ ၁၉ ရက် မနက်က မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  တက်ရာက်ခဲ့ပါတယ်။  မာန်အောင်မြို့ ငအင်းကျေးရွာအနီး ဟိုတယ်မာန်အောင်သွားတဲ့လမ်းနဲ့ ကျွန်းပတ်လမ်းမဘေးမှာ မိုင်းသုံးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အခမ်းအနားကိုတော့အောင်မြင်စွာဖွင့်လှစ်ခဲ့ပြီ ၁၁ နာရီကျော် လောက်မှာ မာန်အောင်ကနေ ရဟတ်ယာဉ်နဲ့ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး (ပြောရေးဆိုခွင့်ရှိသူ) ဦးဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “ဖွင့်ပွဲအခမ်းအနားပြီးတော့ မာန်အောင်ဒေသခံတွေနဲ့တွေ့ဆုံပွဲလုပ်တယ်။ အားလုံးအောင်အောင်မြင်ပီးသွားပြီ။ ပေါက်ကွဲမှုဖြစ်တာ ဖွင့်ပွဲလုပ်တဲ့နေရာနဲ့တော်တော်ဝေး ပါတယ်။ ၃ မိုင်လောက်တော့ရှိမယ်။ ဘာမှထိခိုက်မှုမဖြစ်ပါဘူး။ ၁၁ နာရီကျော်ကျော် လောက်မှပြန် လည်ထွက်ခွာသွားပါတယ်။ ဒီရောက်တာက ၉ နာရီခွဲ ၁၀ နာရီလောက်မှာရောက်တာ။” မာန်အောင်မြို့ငအုန်းမော်ကျေးရွာမှာတည်ဆောက်ထားတဲ့နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ဓာတ်အားစက်ရုံဖွင့်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ မာန်အောင်မြို့ပေါက်ကွဲမှုဖြစ်စဉ်ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး မောင်မောင်စိုးကို ဒီဗွီဘီကမေးမြန်ရာမှာ မိုင်းဘယ်နှစ်လုံးပေါက်ကွဲတယ်ဆိုတာ အသေးစိတ်သိရဖို့ မေးမြန်းနေတယ်လို့ ဖြေဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မလာခင် မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့အင်အား ၂၀၀ နဲ့ တပ်မတော်သားအင်အား ၂၀၀ တို့က မာန်အောင်မြို့ပေါ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက လုံခြုံရေး တိုးမြင့်ချထားပါတယ်။
1 year Ago
Up