နေရာ ၃ ခု

September 30, 2021

မုံရွာမြို့ နေရာ ၃ ခု၌ ပေါက်ကွဲမှုများဖြစ်

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှု နေရာ  ၃ ခုမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့တောင်ဘက် မုံရွာကညနရုံး၊ မုံရွာမြောက် အကောက်ခွန်ရုံး နဲ့ စက်မှုဇုန်လမ်းခွဲထိပ် တို့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး သံမဏိအဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့နဲ့ ချောင်းဦး PDF ရဲဘော်တို့ ပူးပေါင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်မှုဇုန်လမ်းခွဲထိပ်က ပေါက်ကွဲမှုဟာ စစ်ကောင်စီကား  ၃ စီးကို ဖောက်ခွဲခဲ့တာ ဖြစ်ပြီး တပ်သား  ၅ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သံမဏိအဖွဲ့သားများ - MPDF ကိုယ်စားပြုအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သံမဏိအဖွဲ့သားများ - MPDFကိုယ်စားပြုအဖွဲ့နဲ့ ချောင်းဦး PDF ရဲဘော်တို့ ပူးပေါင်းပြီး စစ်ကောင်စီထောက်တိုင်တွေကို ဖျက်ဆီးတာနဲ့ စစ်ကောင်စီ သတင်းပေးတွေကို ရှင်းလင်းတာတွေ ဆက်လက်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

1 year Ago
Up