နေရာစုံအနိုင်ရရှိ

November 9, 2020

ချောက်မြို့နယ်တွင် အန်အယ်လ်ဒီပါတီက နေရာစုံအနိုင်ရရှိ

ချောက်မြို့နယ်မှာ နိုဝင်ဘာ ၈ ရက်ကပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က နေရာစုံ အနိုင်ရတယ်လို့ ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီဝင် ဦးကိုကိုမြတ်က ပြောပါတယ်။ “လေးနေရာလုံး အကုန်နိုင်တယ်။ ၂၀၁၅ ကထက်ကို နိုင်တယ်။ အရင်က ရှုံးဖူးခဲ့တဲ့ ရွာတွေပါ အကုန်နိုင်တယ်။” ချောက်မြို့နယ်မှာ မဲဆန္ဒပေးရမယ့်သူဦးရေ ၁၆၄၀၀၀ ကျော်အနက် ပြည်တွင်း ပြည်ပ ကြိုတင်မဲနဲ့ နိုဝင်ဘာ ၈ ရက်နေ့အထိ မဲပေးသူ စုစုပေါင်း ၁၂၇၀၀၀ ကျော်ရှိပြီး ၇၈ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ချောက်မြို့နယ် ပြည်သူလွှတ်တော်မှာ ပါတီ ၃ ခုက ကိုယ်စားလှယ် ၃ ဦး၊ အမျိုးသား လွှတ်တော်မှာ ပါတီ ၄ ခုက ကိုယ်စလှယ် ၄ ဦး၊ တိုင်းဒေသကြီးလွှတ်တော် ၁ မှာ ပါတီ ၅ ခုက ကိုယ်စားလှယ် ၅ ဦးနဲ့ တိုင်းဒေသကြီးလွှတ်တော် (၂) မှာ ပါတီ ၄ ခုက ကိုယ်စလှယ် ၄ ဦး ယှဥ်ပြိုင်နေကြတာပါ။ သတင်း - ကိုလင်း(ချောက်)
1 year Ago
Up