နေရပ်ပြန်များ

A d v e r t i s e m e n t With Us

May 29, 2020

ကြိုဆိုရေးယာဉ် စီစဉ်မပေးသည့် ပြည်နယ်နှင့်တိုင်းအသီးသီးက နေရပ်ပြန်များ ယာဉ်စီးခပေးရမည်

ပြည်နယ် တိုင်းအသီးသီးက ကြိုဆိုရေးယာဉ်စီစဉ်မပေးတဲ့ နေရပ်ပြန်တွေ ယာဉ်စီးခ ​ပေးချေရမယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးတေဇာအောင်က မေ ၂၈ ရက်မှာ ပြောပါတယ်။ သက်ဆိုင်ရာတိုင်း​နဲ့ ပြည်နယ်အသီးသီးက မော်တော်ယာဉ်တွေ လွှတ်ပေးနိုင်ခြင်းမရှိတဲ့အပြင် စီမံမှု မစောင့်ဆိုင်းနိုင်သူတွေအနေနဲ့ ယာဉ်စီးခကို ​ဒေသအလိုက် ပေးချေရတော့မှာဖြစ်ပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ အသက်သာဆုံး စျေးနှုန်းနဲ့ စီမံဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။ ဦးတေဇာအောင်က "ခရီးသွားလာလို့ရအောင် စီမံပေးနေတယ်။ ဆိုလိုတာက ကားတွေအသင့် ဖြစ်အောင်၊ စီးရတဲ့လူလည်း စျေးနှုန်းသက်သာနဲ့ စီးနိုင်အောင်၊ လုံခြုံစိတ်ချစွာ သွားနိုင်အောင် ကျနော်တို့စီမံပေးနေတယ်" လို့ ပြောပါတယ်။ တရားဝင် ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ ထိုင်းနိုင်ငံ (မောချစ်ကားဂိတ်) မှ မဲဆောက်မြို့အထိ ယာဉ်စီးခ ၁ ဦးကို ထိုင်းဘတ် ၁၀၀၀ ကျော် ပေးသွင်းရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မွန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာ​​ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ Quarantine စခန်းတွေကို လွှဲပြောင်းပေးနေတာပါ။ ပြန်လည်ဝင်ရောက်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာ၊ နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာယူတာတွေ၊ Quarantine စခန်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်အတိုင်း စောင့်ကြပ်ကြည့်ရှုမှုတွေ ဆောင်ရွက်သွားမှာပါ။ ရဲမင်းခေါင်
9 months Ago
Up