နေရပ်ပြန်ပို့

January 27, 2021

မော်ကျွန်းမြို့နယ်တွင်ဖမ်းမိသည့် အထောက်အထားမဲ့ ၃၄ ဦးကို နေရပ်ပြန်ပို့

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမရှိသူ   ၃၄  ယောက်ကို  ဇန်နဝါရီ ၂၆ ရက်က  နေရပ် ပြန်ပို့ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲမှာ ရပ်ထားတဲ့ စက်လှေကို မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကွာရန်တင်းပုံစံထားရှိကာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးပြီးနောက် နေရပ် ပြန်ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်။  ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးချိန်မှာ ရောဂါပိုးမတွေ့ရှိဘူးလို့  သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက "တိုင်းဒေသကြီးအစိုးရရဲ့အစီစဉ်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး သူတို့လာတဲ့ နေရပ်ကို ဒီနေ့ပြန်ပို့ပေးလိုက်ပါပြီ'' လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ၃၄  ယောက်ကို လိုအပ်တဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ ဦးကို သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေး ခဲ့ပါတယ်။

ဧရာ၀တီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း  ရခိုင်ပြည်နယ်က၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့ ဖမ်းမိမှု ၃ ကြိမ်  ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့  တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထွန်းထွန်းနိုင် (မော်ကျွန်း)

2 months Ago

May 4, 2020

နမ့်ပန်းဒေသက Quarantine ၂၁ ရက်ပြည့် ရွှေ့ပြောင်းလုပ်သား ၅၅၄ ဦးကို နေရပ်ပြန်ပို့

တရုတ်နိုင်ငံကပြန်လာပြီး အထူးဒေသ ၄ နမ့်ပန်းဒေသမှာ Facility Quarantine ၂၁ ရက်ပြည့်မြောက်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၅၅၄ ဦးအား နေရပ်တွေကို ပြန်ပို့ပေးနေတယ်လို့ သိရပါတယ်။ မှန်လုံယာဉ်ငယ် ၃ တွေနဲ့ မိုင်းယု၊ မိုင်းယောင်း၊ မိုင်းဖြတ်နဲ့ ကျိုင်းတုံမြို့နယ်တို့ကို မေ ၄ ရက် နေ့ မွန်းလွဲပိုင်းက ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့ ရှမ်းပြည်နယ်အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကတဆင့် ပြောပါတယ်။ "မူလစာရင်းပေးထားသူ ၅၆၁ ဦးဖြစ်ပေမယ့် ရခိုင်လူမျိုး ၇ ယောက် မပါရှိတော့ ၅၅၄ ယောက်ပဲ ရောက်ရှိလာခဲ့တယ်။ ကျိုင်းတုံမှာရောက်နေတဲ့ အဖွဲ့တွေနဲ့ ပေါင်းပြီး တောင်ကြီးကို ဆက်လွှတ်ပေးသွားမှာလို့ သတင်းပို့လာပါတယ်။ စားသောက်ရေးကိစ္စတွေလည်း ကျိုင်းတုံနဲ့ မိုင်းပြင်းမှာ အသင့်စီစဉ်ထားပါပြီ။'' နေရပ်ပြန် ရွှေံပြောင်းလုပ်သားတွေအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုရေးပရဟိတအဖွဲ့တွေနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး နေထိုင်စားသောက်ရေးစီစဉ်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မေ ၆ ရက်နေ့မှာ ဆီလူးဒေသကနေ အယောက် ၄၉၀ ၊ မေ ၈ ရက်နေ့မှာ လာအိုနိုင်ငံကနေ ၂၇၀ ကျော် ဝင်ရောက်လာဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ သတင်းပေးပို့ထားတယ်လို့ သိရပါတယ်။ အောင်ဇေယျ
11 months Ago
Up