နေရပ်စွန့်ခွာတိုင်းရင်းသားများ

August 17, 2019

နေရပ်စွန့်ခွာတိုင်းရင်းသားများဟု မှားယွင်းဖော်ပြခဲ့သည့် ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများကို စစ်ဆေးနေ

မြန်မာ့အသံ ရုပ်မြင်သံကြားနဲ့  ပြန်ကြားရေးထုတ် သတင်းစာ သုံးစောင်မှာ သြဂုတ် ၁၂ ရက်နေ့က ဖော်ပြခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဘင်္ဂါလီတွေကို နေရပ်စွန့်ခွာ တိုင်းရင်းသားများဆိုပြီး သုံးနှုန်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူခိုင်းထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။  လက်ရှိမှာ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပြီး ဌာနဆိုင်ရာ အရေးယူတာတွေ ပြုလုပ်သွားမယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာပါ အဓိက တာဝန်ရှိပြီး ဒီအသုံးအနှုန်း ဒီဝေါဟာရဟာ နိုင်ငံတော်အစိုးရရဲ့ မူ၊ နိုင်ငံတော်အစိုးရရဲ့ အာဘော် လုံးဝ မဟုတ်ဘူးလို့လည်း ဦးဇော်ဌေးက ပြောဆိုခဲ့ပါတယ်။ “ဒီကိစ္စကို ကျနော်တို့ စိစစ်ပါတယ်။ အဓိက ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြန်ကြားရေးဝန်ကြီးဌာ တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းပြီး စိစစ်ပါတယ်။ ဒီသတင်းကို စတင်ရေးသားတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိပါတယ်။ နောက် ဒီသတင်းကို တည်းဖြတ်ပြီး ဖော်ပြဖို့ တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိပါတယ်။” မြန်မာ့ရုပ်မြင်သံကြားက ဩဂုတ် ၁၂ ရက်နေ့ည သတင်းမှာ ဆောက်လုပ်ရေးဒုဝန်ကြီး  ဉီးကျော်လင်း မောင်တောဒေသ ပြန်လည်လက်ခံရေးစခန်းများအား ကြည့်ရှုသတင်းမှာ “အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများ” ဟု မှားယွင်းဖော်ပြခဲ့သလို ဩဂုတ် ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာလည်း အလားတူ အသုံးအနှုန်း ဖော်ပြမိခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး “အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသူများ” လို့ ပြင်ဆင်သိမှတ်ပေးဖို့ မေတ္တာရပ်ခံစာကို ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေနရပ္စြန႔္ခြာတိုင္းရင္းသားမ်ားဟု မွားယြင္းေဖာ္ျပခဲ့သည့္ ဝန္ႀကီးဌာနႏွစ္ခုမွ တာဝန္ရွိသူမ်ားကို စစ္ေဆးေန ျမန္မာ့အသံ ႐ုပ္ျမင္သံၾကားနဲ႔  ျပန္ၾကားေရးထုတ္ သတင္းစာသုံးေစာင္မွာ ၾသဂုတ္ ၁၂ ရက္ေန႔က ေဖာ္ျပခဲ့တဲ့ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ဘဂၤါလီေတြကို ေနရပ္စြန႔္ခြာ တိုင္းရင္းသားမ်ားဆိုၿပီး သုံးႏႈန္းခဲ့တာနဲ႔ ပတ္သက္ၿပီး အေရးယူခိုင္းထားတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။ လက္ရွိမွာ စုံစမ္းစစ္ေဆးတာေတြ လုပ္ေနၿပီး ဌာနဆိုင္ရာ အေရးယူတာေတြ ျပဳလုပ္သြားမယ္လို႔ ၾသဂုတ္လ ၁၆ ရက္ေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနနဲ႔ ျပန္ၾကားေရးဝန္ႀကီးဌာနမွာပါ အဓိက တာဝန္ရွိၿပီး ဒီအသုံးအႏႈန္း ဒီေဝါဟာရဟာ ႏိုင္ငံေတာ္အစိုးရရဲ႕ မူ၊ ႏိုင္ငံေတာ္အစိုးရရဲ႕ အာေဘာ္ လုံးဝ မဟုတ္ဘူးလို႔လည္း ဦးေဇာ္ေဌးက ေျပာဆိုခဲ့ပါတယ္။ “ဒီကိစၥကို က်ေနာ္တို႔ စိစစ္ပါတယ္။ အဓိက ေဆာက္လုပ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြ၊ ျပန္ၾကားေရးဝန္ႀကီးဌာ တာဝန္ရွိသူေတြကို ေခၚယူေမးျမန္းၿပီး စိစစ္ပါတယ္။ ဒီသတင္းကို စတင္ေရးသားတဲ့ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာလည္း တာဝန္ရွိပါတယ္။ ေနာက္ ဒီသတင္းကို တည္းျဖတ္ၿပီး ေဖာ္ျပဖို႔ တာဝန္ရွိတဲ့ ျပန္ၾကားေရးဝန္ႀကီးဌာနမွာလည္း တာဝန္ရွိပါတယ္။” ျမန္မာ့႐ုပ္ျမင္သံၾကားက ဩဂုတ္ ၁၂ ရက္ေန႔ည သတင္းမွာ ေဆာက္လုပ္ေရးဒုဝန္ႀကီး  ဉီးေက်ာ္လင္း ေမာင္ေတာေဒသ ျပန္လည္လက္ခံေရးစခန္းမ်ားအား ၾကည့္ရႈသတင္းမွာ “အိုးထိန္းစခန္းတြင္ ေနရပ္စြန႔္ခြာသြားေသာ တိုင္းရင္းသားမ်ား” ဟု မွားယြင္းေဖာ္ျပခဲ့သလို ဩဂုတ္ ၁၃ ရက္ထုတ္ ႏိုင္ငံပိုင္သတင္းစာေတြမွာလည္း အလားတူ အသုံးအႏႈန္း ေဖာ္ျပမိခဲ့တာပါ။ ဒါနဲ႔ပတ္သက္ၿပီး “အိုးထိန္းစခန္းတြင္ ေနရပ္စြန႔္ခြာသူမ်ား” လို႔ ျပင္ဆင္သိမွတ္ေပးဖို႔ ေမတၱာရပ္ခံစာကို ျပန္ၾကားေရးဝန္ႀကီးဌာနက ဩဂုတ္ ၁၄ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။
2 years Ago

ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူများထဲမှ စိစစ်ထားသူ ၃၄၅၀ ကို ပြန်လက်ခံမည်ဟု ဦးဇော်ဌေး ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲက စိစစ်အတည်ပြုထားတဲ့ ၃၄၅၀ ဦးကို လွှဲပြောင်းပေးမယ်ဆိုရင် လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ သြဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်သမ္မတအိမ်တော်မှာ နှစ်ပတ်တစ်ကြိမ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။  မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ သူတွေထဲမှာ ဒုတိယအသုတ်အနေနဲ့ ပေးပို့မယ့် လူဦးရေ ၂၂၄၃၂ ဦးထဲက  စိစစ်အတည်ပြုပြီးသားဖြစ်တဲ့ လူဦးရေ ၃၄၅၀ ကို အခုလာမယ့် သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်လက်သင့်ခံနိုင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းထားတယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကနေ မြန်မာနိုင်ငံဘက်ကို အသုတ် ၃ သုတ်ခွဲပြီး ပေးပို့ထားတာ ဖြစ်သလို ပထမအသုတ်မှာ ၈၀၃၂ ဦး၊ ဒုတိယအသုတ်မှာ ၂၂၄၃၂ ဦး တတိယအသုတ်မှာ ၂၅၀၄၇ ဦး ပေးပို့ထားကြောင်း ဦးဇော်ဌေးက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး သြဂုတ် ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူပြောဆိုခဲ့ပြီး မြန်မာနိုင်ငံဘက်ကို ပေးပို့ထားတဲ့သူတွေထဲမှာ အမှန်တကယ် နေထိုင်ခဲ့ဖူးတာ ဟုတ်၊ မဟုတ်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ ဟုတ်၊ မဟုတ် စိစစ်ထားသူတွေထဲက   ပြန်လက်ခံနိုင်တဲ့ စာရင်းတွေကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ပေးပို့ထားတာပါ။ ပြန်လာကြမယ့်သူတွေကို ရုပ်ပိုင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးတာထက် စိတ်ပိုင်းဆိုင်ရာက ပိုအရေးကြီးတဲ့အပြင် အဲဒီဒေသမှာ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့တဲ့သူတွေလို သတ်မှတ်ပြီး ဆက်ဆံပေးဖို့က ပိုလိုအပ်တယ်လို့ ကိုဖီအာနန် အကြံပေးကော်မရှင်အဖွဲ့မှာ ပါဝင်ခဲ့သူ ဦးအေးလွင်က ပြောပါတယ်။ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးစတင်ဖို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်ကတည်းက အဆင်သင့် ဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် မလာရောက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးဇော်ဋ္ဌေးက ပြောဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္သြားသူမ်ားထဲမွ စိစစ္ထားသူ ၃၄၅၀ ကို ျပန္လက္ခံမည္ဟု ဦးေဇာ္ေဌး ေျပာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးတိမ္းေရွာင္သြားသူေတြထဲက စိစစ္အတည္ျပဳထားတဲ့ ၃၄၅၀ ဦးကို လႊဲေျပာင္းေပးမယ္ဆိုရင္ လက္ခံဖို႔ အဆင္သင့္ရွိေနတယ္လို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူက ေျပာဆိုပါတယ္။ ၾသဂုတ္လ ၁၆ ရက္ေန႔က ေနျပည္ေတာ္သမၼတအိမ္ေတာ္မွာ ႏွစ္ပတ္တစ္ႀကိမ္ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ မွာ သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။ ျမန္မာႏိုင္ငံဘက္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးတိမ္းေရွာင္သြားတဲ့ သူေတြထဲမွာ ဒုတိယအသုတ္အေနနဲ႔ ေပးပို႔မယ့္ လူဦးေရ ၂၂၄၃၂ ဦးထဲက  စိစစ္အတည္ျပဳၿပီးသားျဖစ္တဲ့ လူဦးေရ ၃၄၅၀ ကို အခုလာမယ့္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ စတင္လက္သင့္ခံႏိုင္ဖို႔ ႏွစ္ႏိုင္ငံ ညႇိႏႈိင္းထားတယ္လို႔ ဆိုပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရဘက္ကေန ျမန္မာႏိုင္ငံဘက္ကို အသုတ္ ၃ သုတ္ခြဲၿပီး ေပးပို႔ထားတာ ျဖစ္သလို ပထမအသုတ္မွာ ၈၀၃၂ ဦး၊ ဒုတိယအသုတ္မွာ ၂၂၄၃၂ ဦး တတိယအသုတ္မွာ ၂၅၀၄၇ ဦး ေပးပို႔ထားေၾကာင္း ဦးေဇာ္ေဌးက ေျပာပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၉ ရက္ေန႔က ဘဂၤလားေဒ့ရွ္သံအမတ္ႀကီးကို ေခၚယူေျပာဆိုခဲ့ၿပီး ျမန္မာႏိုင္ငံဘက္ကို ေပးပို႔ထားတဲ့သူေတြထဲမွာ အမွန္တကယ္ ေနထိုင္ခဲ့ဖူးတာ ဟုတ္၊ မဟုတ္နဲ႔ အၾကမ္းဖက္တိုက္ခိုက္မႈမွာ ပါဝင္ပတ္သက္တဲ့သူေတြ ဟုတ္၊ မဟုတ္ စိစစ္ထားသူေတြထဲက   ျပန္လက္ခံႏိုင္တဲ့ စာရင္းေတြကိုလည္း ဘဂၤလားေဒ့ရွ္ဘက္ကို ျပန္လည္ေပးပို႔ထားတာပါ။ ျပန္လာၾကမယ့္သူေတြကို ႐ုပ္ပိုင္းဆိုင္ရာ ကူညီေဆာင္႐ြက္ေပးတာထက္ စိတ္ပိုင္းဆိုင္ရာက ပိုအေရးႀကီးတဲ့အျပင္ အဲဒီေဒသမွာ ဘိုးစဥ္ေဘာင္ဆက္ ေနထိုင္ခဲ့တဲ့သူေတြလို သတ္မွတ္ၿပီး ဆက္ဆံေပးဖို႔က ပိုလိုအပ္တယ္လို႔ ကိုဖီအာနန္ အႀကံေပးေကာ္မရွင္အဖြဲ႕မွာ ပါဝင္ခဲ့သူ ဦးေအးလြင္က ေျပာပါတယ္။ ေနရပ္စြန႔္ခြာသူေတြကို ျပန္လည္လက္ခံေရးစတင္ဖို႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၂၃ ရက္ကတည္းက အဆင္သင့္ ျဖစ္ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ မလာေရာက္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဦးေဇာ္ေ႒းက ေျပာဆိုပါတယ္။
2 years Ago
Up