နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ် ရဲလေ့ကျင့်ရေးဌာနကြီးက ရဲအုပ်တယောက်ဟာ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ တာဝန်မထမ်းဆောင်ချင်လို့ မတ် ၅ ရက်ကစပြီး အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပူးပေါင်းလိုက်ပါတယ်။
ကိုယ်ပိုင်အမှတ် လ - ၁၈၁၅၇၁ ရဲအုပ်ဝင်းခိုင်ဦးဟာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ရွေးချယ် တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရတရပ်ပေါ်လာမှပဲ တာဝန်တွေပြန်ထမ်းဆောင်မယ်လို့ ဆိုပါတယ်။