နေပြည်တော် ပျဉ်းမနားမြို့

September 29, 2021

နေပြည်တော် ပျဉ်းမနားမြို့တွင် ရိက္ခာလာဝယ်သည့် စစ်ကား ဗုံးပစ်ခံရ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့မှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက်က ရိက္ခာဝယ်ရန်လာတဲ့ စစ်ကောင်စီကားကို ဗုံးပစ်ထည့်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီမနက် ၉ နာရီလောက်က ပျဥ်းမနားမြို့ KBZ ဘဏ် အမှတ် ၃ အနီးမှာ ရိက္ခာလာဝယ်တဲ့ စစ်ကားကို အမည်အသိ လူတစ်စုက လက်လုပ်ဗုံးနဲ့ ထုပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဗုံးက ကားဘောင်နဲ့ ထိပြီး လမ်းပေါ် လွင့်စင် ပေါက်ကွဲသွားတာကြောင့်  စစ်သားတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်တဲ့ နေရာအနီးမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆေးရေး ပြုလုပ်နေ​တယ်လို့ မြို့ခံတွေက ပြောပါတယ်။

4 weeks Ago
Up