နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများ အငှားအိမ်ရာ လျှောက်ထားနိုင်

January 20, 2020

နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းများ အငှားအိမ်ရာ လျှောက်ထားနိုင်

နေပြည်တော်မှာ အငှားဝန်ထမ်းအိမ်ရာဆောက်လို့ပြီးသွားတာကြောင့် ဦးစီးအရာရှိအဆင့်အောက် အငြိမ်းစားဝန်ထမ်းတွေ လျှောက်ထားနိုင်ပြီလို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။  နေပြည်တော်မှာ အခြေချနေထိုင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တဆင့် အမြဲတမ်းအတွင်းဝန် လက်မှတ်ရေးထိုးပြီး အခု ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား လျှောက်ရမယ်လို့ ဆိုပါတယ်။ ဒက္ခိဏသီရိမြို့နယ်က မြေ ၃၂ ဧကပေါ်မှာ ဆောက်ထားတာဖြစ်ပြီး ၁၂ ခန်းပါတဲ့ ၅ ထပ် အဆောက်အအုံ ၅ လုံး ပြီးစီးသွားတာကြောင့် အခန်း ၃၀၀ ရှိတာပါ။ အခု အငှားအိမ်ရာချထားမယ့်နယ်မြေမှာ ကိုယ်ပိုင်အိမ်မရှိတဲ့ နေရာအခက်အခဲရှိသူ၊ သတ်မှတ်တဲ့ ငှားခကို ပေးနိုင်တဲ့ဝင်ငွေရှိသူ၊ ကျန်းမာရေးချို့တဲ့သူနဲ့ စောင့်ရှောက်မယ့် ဆွေမျိုးမရှိသူတွေကို ဦးစားပေး ငှားရမ်းမှာဖြစ်ပါတယ်။ တကြိမ်မှာ ၅ နှစ်သက်တမ်း ငှားမှာဖြစ်ပြီး ငှားခတွေကို ၅ နှစ်တကြိမ် သုံးသပ်ပြင်ဆင်မယ်လို့လည်း ဆိုပါတယ်။ လျှောက်လွှာတွေကို အခန်းနေရာချထားရေးကော်မတီ၊ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်ကို လိပ်မူပေးပို့ရမှာဖြစ်ပြီး ဒီအမည်စာရင်းတွေကို နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ရေးကော်မတီဆီကို တင်ပြ အတည်ပြုချက်ယူမယ်လို့ ဆိုပါတယ်။
2 years Ago
Up