နေပြည်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန်အစီအစဉ်မရှိဟု ကေအန်ယူပြော

September 26, 2019

နေပြည်တော်ကို အကြမ်းဖက်တိုက်ခိုက်ရန်အစီအစဉ်မရှိဟု ကေအန်ယူပြော 

နေပြည်တော်ကို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်မရှိဘဲ ငြိမ်းချမ်းရေးခိုင်မာဖို့ အတွက်ပဲ ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းက ထိုင်းနိုင်ငံမှာ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့တချို့နဲ့ CNF၊  KNU အဖွဲ့ဝင်တွေ အစည်းအဝေးပြုလုပ်ပြီး နေပြည်တော်မှာ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဖို့ ရက်သတ်မှတ်ခဲ့တယ်ဆိုပြီး အွန်လိုင်းမှာပျံ့နေတဲ့ သမ္မတရုံးညွန်ကြားစာနဲ့ ပတ်သက်လို့ ကေအန်ယူဘက် ပြောကြားလိုက်တာပါ။ “ကျနော်ပြောချင်တာ တခုကတော့၊ ပြောနိုင်တာတခုကတော့ ကေအန်ယူ ဒီအစီအစဉ် မရှိဘူး။ နောက်ပြီးတော့ ကျနော်တို့ရဲ့သဘောထားလည်း မရှိဘူး။ မူဝါဒလည်းမရှိဘူး။ ငြိမ်းချမ်းရေး ခိုင်မာဖို့အတွက်ပဲ ကျနော်တို့ကတော့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့  ပဒိုကွယ်ထူးဝင်း က ပြောပါတယ်။   ပြည်ထောင်စုနယ်မြေအတွင်း လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက နေပြည်တော်ကောင်စီထံ စက်တင်ဘာ ၁၆ ရက်နေ့စွဲနဲ့ ပေးပို့ထားတဲ့ ညွန်ကြားစာတစောင် အွန်လိုင်းမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ အဆိုပါညွန်ကြားစာမှာ ဩဂုတ် ၃၀ရက်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်၊ ထဆောင်ယမ်း မြို့နယ်၊  မယ်လ ခေါ် ဘဲကလော့ ဒုက္ခသည်စခန်းအနီး ဗိုလ်မှူးဂျော် စခန်းကုန်းမှာ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့တချို့၊ CNFနဲ့ KNU အဖွဲ့ဝင်တို့ စုစုပေါင်း ၂၀ ဦး ပါဝင်တဲ့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဒီအစည်းအဝးကနေ စက်တင်ဘာ ၁၆ ရက် (သို့) ၂၆ ရက်နဲ့  အောက်တိုဘာ ၁၆ ရက် (သို့) ၂၆ ရက်နေ့ နေပြည်တော်မှာ ဖောက်ခွဲမှုတခုပြုလုပ်ဖို့ ရက်သတ်မှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဆိုပါ ညွန်ကြားစာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ အဆိုပါစာမှာပါရှိတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကေအန်ယူဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက “ကျနော်တို့က တချက်ပေါ့နော် သတင်းရဲ့ဖြစ်တည်တဲ့ဒေသ မယ့်ဟောင်ဆောင်ခရိုင်၊ မယ်ဟောင်ဆောင်ဆိုတာ ကျနော်တို့ ဘဲကလော်(မယ်လဒုက္ခသည်) စခန်းနဲ့တော့ တခြားစီပဲမဟုတ်လား၊ ထာ့ဆောင်ရမ်းမြို့နယ်၊ နောက်ပြီးတော့ ဗိုလ်ဂျော်နီကုန်း ကတော့ ကျနော်တို့ဒီလွန်ခဲ့တဲ့ နှစ်တော်တော်များများမှာတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့်နှစ်ပေါင်း ၁၀ ကျော်ပြီထင်တယ်။  ၂၀၀၈ - ၂၀၀၉ ခုနှစ်ကတည်းက တခါမှမရှိတော့ဘူး။ အဲဒီရက်မှာ ကျင်းပ ပါတယ်ဆိုတာကလည်း ကျနော်တို့ မသိဘူး။ ဒီအပြင်ကျနော်တို့မှာ ဗုံးဖောက်ခွဲတဲ့အစီစဉ်မရှိတော့ ဒီလျှိုဝှက်ညွန်ကြားချက်ထုတ်တဲ့အဖွဲ့ကိုပဲ မေးရမယ်ထင်တယ်။” လို့ ပြောပါတယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ အစည်းအဝေးလုပ်ဖို့ လက်တွေ့ဖြစ်နိုင်တဲ့အနေထားမျိုးမရှိသလို အဆိုပါရက်က အစည်းအဝေးကျင်းပခဲ့တာမရှိဘူးလို့လည်းပြောပါတယ်။ “ကေအန်ယူက အန်စီအေလက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ ဒီဗုံးဖောက်ခွဲတာထက် ဒီအပစ်ခတ်ရပ်စဲရေးခိုင်မာအောင် တစိုက်မတ်မတ်ကျနော်တို့တောင်းဆိုလာခဲ့တယ်။ တခြားဒေသ တနိုင်ငံလုံးမှာလည်း အပစ်ခတ်ရပ်စဲနိုင်ဖို့ ကျနော်တို့အစိုးရနဲ့သဘောတူထားတယ်။ ဆိုလိုတာက အပစ်အခတ်ရပ်စဲရေးမှာ မပါဝင်သေးတဲ့အဖွဲ့ရှိရင် ပါဝင်လာနိုင်ဖို့အတွက် အစိုးရရော အခု လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေက ကိုယ့်သက်ဆိုင်ရာ၊ ကိုယ်တတ်နိုင်တဲ့ဖက်က ဆောင်ရွက်ဖို့ အတွက် ကျနော်တို့ အဲလို သဘောတူထားတယ်။ ဒီတော့ ကျနော်တို့ဖက်က တတ်နိုင်တဲ့ဘက်ကနေ တောင်းဆိုထားတော့ ဖောက်ခွဲဖို့လုပ်မယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ခုရက်ပိုင်း  အကြမ်းဖက်တိုက်ခိုက်တာတွေဖြစ်လာ နိုင်တာကြောင့် လုံခြုံရေးသတိနဲ့နေထိုင်ကြဖို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်သံရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်စာမျက်နှာပေါ်မှာတော့ မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်တွေမှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေး ဖော်ပြထားတာပါ။  အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တဲ့ သတင်းထွက်နေပေမယ့် လုံခြုံရေးတိုးမြှင့်ခြင်းမရှိဘဲ ပုံမှန်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက မီဒီယာတွေကို ပြောကြားထားပါတယ်။ မြန်မာနိုင်ငံဟာ အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေဟာ အရင်က တည်းကရှိနေတာဖြစ်လို့ တာဝန်ရှိသူတွေအနေနဲ့အထူးသတိပြု အလေးထားဆောင်ရွက်သင့်တယ် လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး  ဒေါက်တာမင်းဇော်ဦးက အကြံပြုတိုက်တွန်းပါတယ်။
ေနျပည္ေတာ္ကို အၾကမ္းဖက္တိုက္ခိုက္ရန္အစီအစဥ္မရွိဟု ေကအန္ယူေျပာ ေနာ္ႏိုရင္း ေနျပည္ေတာ္ကို အၾကမ္းဖက္တိုက္ခိုက္မႈေတြလုပ္ဖို႔ အစီအစဥ္မရွိဘဲ ၿငိမ္းခ်မ္းေရးခိုင္မာဖို႔ အတြက္ပဲ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ကရင္အမ်ိဳးသား အစည္းအ႐ုံး (ေကအန္ယူ) ဒုဥကၠ႒ ပဒိုကြယ္ထူးဝင္းက ဒီဗြီဘီကို ေျပာပါတယ္။ ၿပီးခဲ့တဲ့ လကုန္ပိုင္းက ထိုင္းႏိုင္ငံမွာ ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕နဲ႔ CNF၊ KNU အဖြဲ႕ဝင္ေတြ အစည္းအေဝးျပဳလုပ္ၿပီး ေနျပည္ေတာ္မွာ အၾကမ္းဖက္တိုက္ခိုက္မႈ လုပ္ဖို႔ ရက္သတ္မွတ္ခဲ့တယ္ဆိုၿပီး အြန္လိုင္းမွာပ်ံ႕ေနတဲ့ သမၼတ႐ုံးၫြန္ၾကားစာနဲ႔ ပတ္သက္လို႔ ေကအန္ယူဘက္ ေျပာၾကားလိုက္တာပါ။ “က်ေနာ္ေျပာခ်င္တာ တခုကေတာ့၊ ေျပာႏိုင္တာတခုကေတာ့ ေကအန္ယူ ဒီအစီအစဥ္ မရွိဘူး။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ရဲ႕သေဘာထားလည္း မရွိဘူး။ မူဝါဒလည္းမရွိဘူး။ ၿငိမ္းခ်မ္းေရး ခိုင္မာဖို႔အတြက္ပဲ က်ေနာ္တို႔ကေတာ့ ႀကိဳးစားေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”လို႔ ပဒိုကြယ္ထူးဝင္း က ေျပာပါတယ္။ ျပည္ေထာင္စုနယ္ေျမအတြင္း လုံၿခဳံေရးအထူးဂ႐ုျပဳေဆာင္႐ြက္ဖို႔ ကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္ သမၼတ႐ုံး ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးဌာနႀကီးက ေနျပည္ေတာ္ေကာင္စီထံ စက္တင္ဘာ ၁၆ ရက္ေန႔စြဲနဲ႔ ေပးပို႔ထားတဲ့ ၫြန္ၾကားစာတေစာင္ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတာျဖစ္ပါတယ္။ အဆိုပါၫြန္ၾကားစာမွာ ဩဂုတ္ ၃၀ရက္က ထိုင္းႏိုင္ငံ မဲေဟာင္ေဆာင္ခ႐ိုင္၊ ထေဆာင္ယမ္း ၿမိဳ႕နယ္၊ မယ္လ ေခၚ ဘဲကေလာ့ ဒုကၡသည္စခန္းအနီး ဗိုလ္မႉးေဂ်ာ္ စခန္းကုန္းမွာ ေျမာက္ပိုင္း မဟာမိတ္ လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕၊ CNFနဲ႔ KNU အဖြဲ႕ဝင္တို႔ စုစုေပါင္း ၂၀ ဦး ပါဝင္တဲ့ အစည္းအေဝးျပဳလုပ္ခဲ့ေၾကာင္း ဒီအစည္းအဝးကေန စက္တင္ဘာ ၁၆ ရက္ (သို႔) ၂၆ ရက္နဲ႔ ေအာက္တိုဘာ ၁၆ ရက္ (သို႔) ၂၆ ရက္ေန႔ ေနျပည္ေတာ္မွာ ေဖာက္ခြဲမႈတခုျပဳလုပ္ဖို႔ ရက္သတ္မွတ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အဆိုပါ ၫြန္ၾကားစာနဲ႔ပတ္သက္ၿပီး ဒီဗြီဘီက သီးျခားအတည္ျပဳႏိုင္ျခင္းေတာ့ မရွိေသးပါဘူး။ အဆိုပါစာမွာပါရွိတဲ့ အေၾကာင္းအရာေတြနဲ႔ပတ္သက္ၿပီး ေကအန္ယူဒုဥကၠ႒ ပဒိုကြယ္ထူးဝင္းက “က်ေနာ္တို႔က တခ်က္ေပါ့ေနာ္ သတင္းရဲ႕ျဖစ္တည္တဲ့ေဒသ မယ့္ေဟာင္ေဆာင္ခ႐ိုင္၊ မယ္ေဟာင္ေဆာင္ဆိုတာ က်ေနာ္တို႔ ဘဲကေလာ္(မယ္လဒုကၡသည္) စခန္းနဲ႔ေတာ့ တျခားစီပဲမဟုတ္လား၊ ထာ့ေဆာင္ရမ္းၿမိဳ႕နယ္၊ ေနာက္ၿပီးေတာ့ ဗိုလ္ေဂ်ာ္နီကုန္း ကေတာ့ က်ေနာ္တို႔ဒီလြန္ခဲ့တဲ့ ႏွစ္ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ရွိခဲ့ဖူးတယ္။ ဒါေပမယ့္ႏွစ္ေပါင္း ၁၀ ေက်ာ္ၿပီထင္တယ္။ ၂၀၀၈ - ၂၀၀၉ ခုႏွစ္ကတည္းက တခါမွမရွိေတာ့ဘူး။ အဲဒီရက္မွာ က်င္းပ ပါတယ္ဆိုတာကလည္း က်ေနာ္တို႔ မသိဘူး။ ဒီအျပင္က်ေနာ္တို႔မွာ ဗုံးေဖာက္ခြဲတဲ့အစီစဥ္မရွိေတာ့ ဒီလွ်ိဳဝွက္ၫြန္ၾကားခ်က္ထုတ္တဲ့အဖြဲ႕ကိုပဲ ေမးရမယ္ထင္တယ္။” လို႔ ေျပာပါတယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြနဲ႔ အစည္းအေဝးလုပ္ဖို႔ လက္ေတြ႕ျဖစ္ႏိုင္တဲ့အေနထားမ်ိဳးမရွိသလို အဆိုပါရက္က အစည္းအေဝးက်င္းပခဲ့တာမရွိဘူးလို႔လည္းေျပာပါတယ္။ “ေကအန္ယူက အန္စီေအလက္မွတ္ေရးထိုးၿပီးတဲ့ေနာက္ပိုင္းမွာ ဒီဗုံးေဖာက္ခြဲတာထက္ ဒီအပစ္ခတ္ရပ္စဲေရးခိုင္မာေအာင္ တစိုက္မတ္မတ္က်ေနာ္တို႔ေတာင္းဆိုလာခဲ့တယ္။ တျခားေဒသ တႏိုင္ငံလုံးမွာလည္း အပစ္ခတ္ရပ္စဲႏိုင္ဖို႔ က်ေနာ္တို႔အစိုးရနဲ႔သေဘာတူထားတယ္။ ဆိုလိုတာက အပစ္အခတ္ရပ္စဲေရးမွာ မပါဝင္ေသးတဲ့အဖြဲ႕ရွိရင္ ပါဝင္လာႏိုင္ဖို႔အတြက္ အစိုးရေရာ အခု လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕ေတြက ကိုယ့္သက္ဆိုင္ရာ၊ ကိုယ္တတ္ႏိုင္တဲ့ဖက္က ေဆာင္႐ြက္ဖို႔ အတြက္ က်ေနာ္တို႔ အဲလို သေဘာတူထားတယ္။ ဒီေတာ့ က်ေနာ္တို႔ဖက္က တတ္ႏိုင္တဲ့ဘက္ကေန ေတာင္းဆိုထားေတာ့ ေဖာက္ခြဲဖို႔လုပ္မယ္ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥေပါ့ေနာ္။ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္မွာ ခုရက္ပိုင္း အၾကမ္းဖက္တိုက္ခိုက္တာေတြျဖစ္လာ ႏိုင္တာေၾကာင့္ လုံၿခဳံေရးသတိနဲ႔ေနထိုင္ၾကဖို႔ ရန္ကုန္အေျခစိုက္ အေမရိကန္သံ႐ုံးက စက္တင္ဘာ ၂၅ ရက္က ထုတ္ျပန္ထားပါတယ္။ အေမရိကန္သံ႐ုံးရဲ႕ တရားဝင္ဝက္ဘ္ဆိုဒ္စာမ်က္ႏွာေပၚမွာေတာ့ ျမန္မာႏိုင္ငံလုံၿခဳံေရးတပ္ဖြဲ႕ ရဲ႕ စုံစမ္းစစ္ေဆးမႈေတြအရ ဒီကေန႔ စက္တင္ဘာလ ၂၆ ရက္၊ ေအာက္တိုဘာလ ၁၆ ရက္နဲ႔ ၂၆ ရက္ေတြမွာ တိုက္ခိုက္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပး ေဖာ္ျပထားတာပါ။ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ႏိုင္တဲ့ သတင္းထြက္ေနေပမယ့္ လုံၿခဳံေရးတိုးျမႇင့္ျခင္းမရွိဘဲ ပုံမွန္ေဆာင္႐ြက္ေနတယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီး မ်ိဳးသူစိုးက မီဒီယာေတြကို ေျပာၾကားထားပါတယ္။ ျမန္မာႏိုင္ငံဟာ အၾကမ္းဖက္ တိုက္ခိုက္ခံရႏိုင္တယ္ဆိုတဲ့ၿခိမ္းေျခာက္မႈေတြဟာ အရင္က တည္းကရွိေနတာျဖစ္လို႔ တာဝန္ရွိသူေတြအေနနဲ႔အထူးသတိျပဳ အေလးထားေဆာင္႐ြက္သင့္တယ္ လို႔ ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ ျမန္မာအင္စတီက်ဳ အလုပ္အမႈေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာမင္းေဇာ္ဦးက အႀကံျပဳတိုက္တြန္းပါတယ္။
2 years Ago
Up