နေပယ်လ်ပင်လယ်

A d v e r t i s e m e n t With Us

January 21, 2021

အီတလီကမ်းရိုးတန်းအနီး ဝေလငါး သေ ၁ ကောင် တွေ့ရှိ

အီတလီကမ်းရိုးတန်းစောင့်တပ်ဟာ ဆိုရန်တိုဆိပ်ကမ်းနားက ပင်လယ်ထဲမှာ ဝေလငါးကလေး တကောင်ရဲ့ နောက်ကို လိုက်ကြည့်ရာကနေ နေပယ်လ်ပင်လယ်ရဲ့ တောင်ပိုင်းကမ်းရိုးတန်းနားမှာ ဝေလငါး အသေတကောင်ကို တွေ့ရှိခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။ ကမ်းရိုးတန်းစောင့်တပ်က ရေထဲ ပေါလောမျောနေတဲ့ ဝေလငါးသေးကို အနီးကပ် ကြည့်ရှုစစ်ဆေးအပြီးမှာ ကုန်းပေါ်သယ်လာပြီး ဝေလငါး သေဆုံးရတဲ့ အကြောင်းရင်းကိုသိရဖို့ ရင်ခွဲ စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက် ဝေလငါးအရိုးစုကို ပြတိုက်မှာ ခင်းကျင်း ပြသထားမယ်လို့ ကမ်းရိုးတန်း စောင့်တပ်က ပြောပါတယ်။  ခုတော့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင်တွေဟာ သူတို့ကို လာခေါ်တဲ့ ဝေလငါး ကလေးကို ဆက်ပြီး စောင့်ကြည့်နေ ပါတယ်။
1 month Ago
Up