နေထိုင်သည့်

January 25, 2020

အငြိမ်းစားဝန်ထမ်းအများစု နေထိုင်သည့် စံနန်းတော်တိုက်ခန်းများကို ဖယ်ရှား (ဓာတ်ပုံ)

အငြိမ်းစားဝန်ထမ်းအများစု နေထိုင်တဲ့ မန္တလေးမြို့ ၁၄ လမ်း၊ ၆၆ လမ်း နဲ့ ၆၅ လမ်းကြားရှိ စံနန်းတော်တိုက်ခန်း ၄၅ လုံးကို ခွင့်မပြုဘဲ နေထိုင်တယ်ဆိုပြီး လူမှုဖူလုံရေးက ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။ Photo - Kaung Zaw Hein / MPA
3 years Ago

January 19, 2020

ပေါ်တူဂီတွင် နေထိုင်သည့် တရုတ်လူမျိုးများ နှစ်သစ်ကူးပွဲ ကျင်းပ

ပေါ်တူဂီမှာ နေထိုင်တဲ့ တရုတ်လူမျိူးတွေဟာ တရုတ်နှစ်သစ်ကူး ကြွက်နှစ် အထိမ်းအမှတ်ပွဲကို လစ္စဘွန်းမြို့မှာ ဇန်နဝါရီ ၁၈ ရက်က စတင်ကျင်းပခဲ့ပါတယ်။ နဂါးရိုးရာအကတွေနဲ့ ရိုးရာအဝတ်အစားတွေ ဝတ်ဆင်ပြီး ချီတက် ဖျော်ဖြေကြပါတယ်။ တရုတ်ရိုးရာ ၁၂ နှစ်တာ ရာသီခွင်မှာ ကြွက်ဟာ ပထမဆုံး သတ္တဝါဖြစ်ကာ အားသစ်မာန်သစ် ရှိပြီး ကြွယ်ဝမှုနဲ့ သွက်လက်တဲ့ နှစ်တနှစ်လို့ သတ်မှတ်ကြပါတယ်။ ပေါ်တူဂီမှာ တရုတ်လူမျိူး နှစ်သောင်းဝန်းကျင်လောက် နေထိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တရုတ်ကုမ္ပဏီတွေဟာ ယူရို ၁၀ ဘီလီယံလောက် ပေါ်တူဂီမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။
3 years Ago
Up