နေတိုးပြော

August 1, 2019

ဟော်မူဇ်ရေလက်ကြားတွင် စစ်ဆင်ရေးလုပ်ရန် တရား၀င်တောင်းဆိုးခြင်းမရှိဟု နေတိုးပြော

ဟော်မူဇ်ရေလက်ကြားမှာ စစ်ဆင်ရေးလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေဆီက တရားဝင် တောင်းဆိုလာတာ မရှိဘူးလို့ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ယန်း စတိုတန်ဘာ့တ်က ဇူလိုင် ၃၁ ရက်နေ့မှာ ပြောပါတယ်။ အမေရိကန်နဲ့ အီရန်အကြား ဆက်ဆံရေးတင်းမာနေချိန်မှာပဲ ကမ္ဘာ့ရေနံတင်သင်္ဘောကြီးတွေရဲ့ အဓိက ကုန်သွယ်ရေး ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မူဇ်ရေလက်ကြားမှာ လုံခြုံရေးအရှိန်မြင့်တင်ဖို့ အမေရိကန်က အဆိုပြုခဲ့ပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေက စိုးရိမ်နေကြပေမယ့် ဟော်မူဇ်ရေလက်ကြားမှာ နေတိုးအဖွဲ့အနေနဲ့ စစ်ဆင်ရေးလုပ်ဖို့ တောင်းဆိုလာတာမျိုးတော့ မရှိသေးဘူးလို့ စတိုတန်ဘတ်က ပြောခဲ့ပါတယ်။ ဂျာမနီ ကာကွယ်ရေးဝန်ကြီး အန်နာဂရက် ခမ်-ခါရန်ဘာဝါက ဂျာမနီနိုင်ငံအနေနဲ့ ဟော်မူဇ် ရေလက်ကြားမှာ အမေရိကန်ရေတပ်ရဲ့ စစ်ဆင်ရေးနဲ့ ပူးပေါင်းမလားဆိုတာကို သုံးသပ်နေဆဲပဲ လို့ပြောရင်း ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကို ဆက်ထိန်းသိမ်းဖို့ ဘာမဆို လုပ်ချင်တယ်လို့လည်း  ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ အီရန်က သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေကို ရပ်လိုက်တာကြောင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြန်ဖြေလျော့ပေးခဲ့ပြီး အီရန် နျူကလီးယားသဘောတူညီချက်ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံက အဲဒီသဘောတူညီချက်ကနေ  ၂၀၁၈ မှာနုတ်ထွက်ပြီး အီရန်ရဲ့ ရေနံလုပ်ငန်းအပေါ် ပိတ်ဆို့ဒဏ်ခတ်ခဲ့တာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေတာပါ။ အမေရိကန်နဲ့ တောင်းဆိုမှုကို အင်မတန် သံသယရှိတယ်၊ အဲဒီစစ်ဆင်ရေးဟာ ပြဿနာကို ပိုကြီးလာစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဂျာမနီဘဏ္ဍာရေးဝန်ကြီး အိုလာ ရှို့ဗ်ဇ့်က ဇူလိုင် ၃၁ ရက်နေ့မှာ ပြောပါတယ်။
Zawgyi Version ေဟာ္မူဇ္ေရလက္ၾကားတြင္ စစ္ဆင္ေရးလုပ္ရန္ တရား၀င္ေတာင္းဆိုးျခင္းမရွိဟု ေနတိုးေျပာ DVB ေဟာ္မူဇ္ေရလက္ၾကားမွာ စစ္ဆင္ေရးလုပ္ဖို႔ အဖြဲ႕ဝင္ႏိုင္ငံေတြဆီက တရားဝင္ ေတာင္းဆိုလာတာ မရွိဘူးလို႔ ေနတိုးအဖြဲ႕အတြင္းေရးမႉးခ်ဳပ္ ယန္း စတိုတန္ဘာ့တ္က ဇူလိုင္ ၃၁ ရက္ေန႔မွာ ေျပာပါတယ္။ အေမရိကန္နဲ႔ အီရန္အၾကား ဆက္ဆံေရးတင္းမာေနခ်ိန္မွာပဲ ကမာၻ႔ေရနံတင္သေဘၤာႀကီးေတြရဲ႕ အဓိက ကုန္သြယ္ေရး ေရလမ္းေၾကာင္းျဖစ္တဲ့ ေဟာ္မူဇ္ေရလက္ၾကားမွာ လုံၿခဳံေရးအရွိန္ျမင့္တင္ဖို႔ အေမရိကန္က အဆိုျပဳခဲ့ပါတယ္။ အဲဒီအေျခအေနနဲ႔ ပတ္သက္ၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက စိုးရိမ္ေနၾကေပမယ့္ ေဟာ္မူဇ္ေရလက္ၾကားမွာ ေနတိုးအဖြဲ႕အေနနဲ႔ စစ္ဆင္ေရးလုပ္ဖို႔ ေတာင္းဆိုလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ စတိုတန္ဘတ္က ေျပာခဲ့ပါတယ္။ ဂ်ာမနီ ကာကြယ္ေရးဝန္ႀကီး အန္နာဂရက္ ခမ္-ခါရန္ဘာဝါက ဂ်ာမနီႏိုင္ငံအေနနဲ႔ ေဟာ္မူဇ္ ေရလက္ၾကားမွာ အေမရိကန္ေရတပ္ရဲ႕ စစ္ဆင္ေရးနဲ႔ ပူးေပါင္းမလားဆိုတာကို သုံးသပ္ေနဆဲပဲ လို႔ေျပာရင္း ၂၀၁၅ အီရန္ န်ဴကလီးယား သေဘာတူညီခ်က္ကို ဆက္ထိန္းသိမ္းဖို႔ ဘာမဆို လုပ္ခ်င္တယ္လို႔လည္း ေျပာပါတယ္။ ၂၀၁၅ ခုႏွစ္မွာ အီရန္က သူ႔ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြကို ရပ္လိုက္တာေၾကာင့္ အေနာက္ႏိုင္ငံေတြက အီရန္အေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ျပန္ေျဖေလ်ာ့ေပးခဲ့ၿပီး အီရန္ န်ဴကလီးယားသေဘာတူညီခ်က္ကို စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံက အဲဒီသေဘာတူညီခ်က္ကေန ၂၀၁၈ မွာႏုတ္ထြက္ၿပီး အီရန္ရဲ႕ ေရနံလုပ္ငန္းအေပၚ ပိတ္ဆို႔ဒဏ္ခတ္ခဲ့တာေၾကာင့္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရး တင္းမာေနတာပါ။ အေမရိကန္နဲ႔ ေတာင္းဆိုမႈကို အင္မတန္ သံသယရွိတယ္၊ အဲဒီစစ္ဆင္ေရးဟာ ျပႆနာကို ပိုႀကီးလာေစႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔ ဂ်ာမနီဘ႑ာေရးဝန္ႀကီး အိုလာ ရႈိ႕ဗ္ဇ့္က ဇူလိုင္ ၃၁ ရက္ေန႔မွာ ေျပာပါတယ္။
2 years Ago
Up