နေတိုးစစ်ရေးလေ့ကျင့်မှု

A d v e r t i s e m e n t With Us

March 12, 2020

အာတိတ်ဒေသက နေတိုးစစ်ရေးလေ့ကျင့်မှုများ ရပ်နား

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နော်ဝေနိုင်ငံပိုင်နက် အာတိတ်ဒေသထဲမှာ နေတိုးစစ်ရေး လေ့ကျင့်မှုတွေကို ရပ်နားဖို့ နော်ဝေအစိုးရက ဆုံးဖြတ်လိုက်တယ်လို့ နော်ဝေစစ်တပ်က မတ်လ ၁၁ ရက်မှာ ပြောပါတယ်။  နေတိုးမဟာမိတ်နယ်မြေရဲ့ မြောက်ဘက်စွန်းက ရုရှားနဲ့ နယ်စပ်နားမှာ နိုင်ငံပေါင်း ဆယ်နိုင်ငံက စစ်သည်အင်အား ၁၄၀၀၀ လောက်ဟာ နေတိုးရဲ့ Cold Response စစ်ရေးလေ့ကျင့်မှုအတွက် စုဝေးလေ့ကျင့်နေတာပါ။ မတ် ၂ ရက်ကနေ ၁၈ ရက်ထိ လေ့ကျင့်ဖို့ စီစဉ်ထားပြီး အပြင်းထန်ဆုံး စစ်မြေပြင် လေ့ကျင့်ခန်းအပိုင်းကို မတ်လ ၁၂ ရက်မှာ စတင်ဖို့ စီစဉ်ထားခဲ့တာလို့ နော်ဝေစစ်တပ်က ပြောပါတယ်။ စစ်ဆင်ရေးကို ထိထိရောက်ရောက် လုပ်နိုင်စွမ်းကို ထိန်းထားချင်တယ်လို့ ဒုဗိုလ်ချုပ် ရွန်း ဂျာကိုဆန်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ နော်ဝေနိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂၇၇ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး နိုင်ငံခြား ခရီးသွားလာမှုတွေကြောင့် ကူးစက်မှုကို ခြေရာဆက်ခံလို့ မရကြောင်း နော်ဝေ ပြည်သူ့ကျန်းမာရေးဌာနက ပြောပါတယ်။ စစ်သည်တယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တွေ့ခဲ့လို့ နေတိုးလေ့ကျင့်ရေး ဌာနက စစ်စခန်းတခုကို မတ်လ ၅ ရက်က စပြီး ရောဂါခြေချုပ်နဲ့ သီးခြားကန့်သတ်ထားပါတယ်။  မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အထိ အတည်ပြုထားတဲ့ အချက်အလက်တွေအရ ကမ္ဘာတလွှား နိုင်ငံနဲ့ ဒေသပေါင်း ၁၂၄ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အယောက် ၁၂၆၃၆၉ နဲ့ သေဆုံးသူ ၄၆၃၃ ယောက်၊ ရောဂါသက်သာပျောက်ကင်းသူ ၆၈၃၀၄ ယောက်ရှိတယ်လို့ သိရပါတယ္။
12 months Ago
Up