ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ရှိနေပေမဲ့ အစ္စရေးနိုင်ငံမှာ လူထောင်ချီရှိတဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နေတန်ယာဟုကို ဧပြီ ၁၉ ရက်က ဆန္ဒပြခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ မျက်နှာဖုံးတွေ ဝတ်ဆင်ထားပြီး၊ တဦးနဲ့ တဦး နှစ်ကိုက်အကွာရပ်လို့ ဝန်ကြီးချုပ်ကို ဆန္ဒပြခဲ့တာပါ။
ကိုရိုနာကပ်ဘေး တိုက်ဖျက်ရေးအတွက် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာရင် အစ္စရေးမှာ ဆန္ဒပြခွင့်ပြုထားပါတယ်။
နေတန်ယာဟုဟာ အဂတိလိုက်စားမှု စွဲချက် ၃ ရပ် အတွက် ရာဇဝတ်မှုသင့်တဲ့ စွဲချက်နဲ့ တရားစွဲခံထားရပြီး သူကတော့ အမှားမလုပ်ဘူးလို့ ငြင်းထားပါတယ်။
နေတန်ယာဟုဟာ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်နဲ့ အာဏာခွဲဝေရေးအစီအစဉ် မအောင်မြင်သေးဘဲ ရှိနေပါတယ်။
ဒီမိုကရေစီကို ကာကွယ်ကြ…..ဆိုတဲ့ အလံတွေအောက်မှာ ဆန္ဒပြပြည်သူတွေက ဂန့်ဇ်ရဲ့ အဖြူနဲ့ အပြာရောင် ပါတီကို နေတန်ယာဟုရဲ့ ညွှန့်ပေါင်းအစိုးရထဲ မပါဝင်ဖို့ တဲလ်အဗစ်မြို့တော်က ရာဘင်ရင်ပြင်မှာ တောင်းဆိုခဲ့ပါတယ်။
ရိုက်တာသတင်း ဖော်ပြချက်အရ ဆန္ဒပြသူဦးရေဟာ နှစ်ထောင်ခန့်ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာဦးရေ ၁၃,၀၀၀ ကျော် ရှိထားပြီး သေဆုံးသူ ဦးရေကတော့ ၁၇၂ ဦး ရှိထားပါတယ်။
11 months Ago