နူးကမ့်ကွင်း

November 26, 2020

မာရာဒိုနာကို နူးကမ့်ကွင်း၌ ဂုဏ်ပြုထားရှိရန် ဘာစီလိုနာ သက်ကြီးပရိသတ်များ ဆန္ဒရှိ

မာရာဒိုနာကို နူးကမ့်ကွင်းအပြင်ဘက်မှာ ဂုဏ်ပြုထားရှိဖို့ ဘာစီလိုနာပရိသတ်တွေက ဆန္ဒရှိနေကြ ပါတယ်။  အာဂျင်တီးနားကစားသမား မာရာဒိုနာဟာ  ၁၉၈၂ ခုနှစ်ကနေ ၁၉၈၄ ခုနှစ်အထိ ဘာစီလိုနာ ၂ရာသီကြာကစားခဲ့ဖူးတာပါ။  ဘာစီလိုနာအတွက်စုစုပေါင်း ၃၆ ပွဲသာ ကစားခဲ့ရပေမဲ့ စပိန်လာလီဂါ၊ ကိုပါဒယ်ရေးဖလားနဲ့ စပိန်စူပါဖလား တွေရယူနိုင်ခဲ့ပါတယ်။  ဘာစီလိုနာအသင်းမှာ မာရာဒိုနာကစားခဲ့တာကို လက်တွေ့မြင်တွေ့အားပေးခဲ့ကြဖူးတဲ့ ဘာစီလိုနာပရိသတ်တွေကတော့ မာရာဒိုနာကို နူးကမ့်ကွင်းအပြင်ဘက်မှာ ဂုဏ်ပြုပေးဖို့ ဆန္ဒရှိကြပါတယ်။  အသက် ၅၅နှစ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာပရိသတ် ဒီယေဂိုဖာနန်ဒက်စ်ကတော့ မာရာဒိုနာက ကမ္ဘကြီးရဲ့နတ်ဘုရားတပါးဖြစ်ပြီး အကောင်းဆုံးရဲ့ အကောင်းဆုံးကစားသမားဖြစ်သလို သူ့ လောက်ကောင်းတဲ့ ကစားသမား မရှိနိုင်တော့ကြောင်း ပြောပါတယ်။  အသက် ၇၄ နှစ်အရွယ် ပရိသတ်ဖြစ်သူ မာတင်ကလည်း မာရာဒိုနာက ဘောလုံး လောကအတွက် အရာအားလုံးပေးဆပ်ခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။  ဒါ့အပြင် အသက် ၆၉ နှစ်ရှိ ဘာစီလိုနာပရိသတ်တဦးကလည်း ဘာစီလိုနာမှာ ကစားခဲ့တဲ့ သူ့ရဲ့ ပုံရိပ်တွေကို မြင်ယောင်မိပြီး သူ့ရဲ့ဘောလုံးကစားပုံ၊ပေါ့ပါးဖျတ်လတ်မှုနဲ့ ကြိုးစားမှုတွေကို အမြဲတမ်းအမှတ်ရနေ လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။  မာရာဒိုနာဟာ ၁၉၈၄ ခုနှစ်မှာ ဘာစီလိုနာကနေ နာပိုလီကို ပြောင်းရွှေ့ခဲ့ပြီး အအောင်မြင်ဆုံး ကစားသမားဘဝဖြစ်ခဲ့ပါတယ်။  အဲဒီနောက် ၁၉၉၂ မှာ ဆီဗီလာ၊နယူးဝဲလ်အိုးဘွိုင်း နဲ့ ဘိုကာဂျူနီယာအသင်းတွေမှာ ၁၉၉၇ ခုနှစ်အထိ ကစားခဲ့ပြီး အနားယူခဲ့တာဖြစ်ပါတယ်။ 
5 months Ago
Up