နူအာ

A d v e r t i s e m e n t With Us

March 28, 2020

ဘိုင်ယန်တွင် ဆက်ရှိမည်ဟု ချဲလ်ဆီးနှင့် သတင်းထွက်နေသည့် နူအာပြော

၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမယ့် စာချုပ်ကို အခုနွေရာသီမှာ သက်တမ်းတိုးနိုင်ခြင်းမရှိပေမယ့် ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူရယ် နူအာဟာအသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ နူအာဟာ ရှော်‌ကေးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ဒါပေမဲ့ ဝါရင့်ဂိုးသမားကြီးဟာ နိုင်ငံခြားထွက် ကစားဖို့ဆန္ဒမရှိဘူးလို့ Goal သတင်းမှာ ဖော်ပြထားပါတယ်။  ချဲလ်ဆီးအသင်းဟာ နံပါတ် ဂိုးသမားကတ်ပါရဲ့ လက်စွမ်းမတည်ငြိမ်မှုကြောင့် အစားထိုးဖို့ ဂိုးသမားတဦး ရှာဖွေနေတာဖြစ်ပြီး ဂျာမနီလက်ရွေးစင်ဂိုးသမားကို ချိတ်ဆက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ နူအာဟာ လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ ဟန်စီဖလန့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဒုတိယမြောက်ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးဖို့ ပစ်မှတ်ထားနေပါတယ်။  ဂျာမနီ လက်ရွေးစင်ဂိုးသမားဟာ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ဘိုင်ယန်အသင်းနဲ့ ၂၀၁၃ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ဂိုးသမားကြီးရဲ့ အနာဂတ်ဟာ နည်းပြဖလစ်ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဖလစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စာချုပ်ဟာ လာမယ့်နွေရာသီ ကုန်ဆုံးမှာ ဖြစ်ပါတယ်။  ဒါ့အပြင် ဂိုးသမားဟာ တခြားအသင်းဖော်တွေဖြစ်တဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ၊ သာမတ်မူလာနဲ့ နောက်ခံလူဒေးဗစ်အလာဘာတို့ရဲ့ အနာဂတ်ကိုလည်း စောင့်ကြည့်နေပါတယ်။ ဒီကစားသမားတွေသာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် သူလည်း အသင်းမှာ ဆက်ရှိနေဖို့ သေချာသလောက်ရှိနေတာပါ။ ထွက်ပေါ်လာတဲ့သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဘက်က သူ့ကို ကာလတိုစာချုပ် ချုပ်ဆိုဖို့သာ ကမ်းလှမ်းတာကြောင့် ဂိုးသမားဟာ အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ဆိုထားပေမယ့် ဆုဖလားတွေ ဆွတ်ခူးဖို့ အာမခံချက်ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ဆက်ရှိသွားမယ်လို့ ယူဆရပါတယ်။  နူအာဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ၉၆ ပွဲအထိ ပွဲထွက်ထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကစားသမားရဲ့အေးဂျင်နဲ့ ဘိုင်ယန်တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပေမယ့် သဘောတူညီချက် တစုံတရာတော့  မချမှတ်နိုင်ခဲ့ပါဘူး။  နူအာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ နည်းပြဖလစ်ကတော့ သူ ဘိုင်ယန်မှာ ရှိနေစဉ်ကာလတလျှောက်လုံး နူအာဟာ အသင်းအတွက် နံပါတ် ၁ ဦးစားပေး ကစားသမား ဖြစ်တယ်လို့ အရင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
11 months Ago
Up