နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းသည့် အခမ်းအနားအစီအစဉ်အတွက် ဒီနေ့ နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းဖို့ အခမ်းအနားအစီအစဉ် လျာထားချက်တွေနဲ့ ၀န်ကြီးဌာနအချို့ရဲ့ ဆောင်ရွက်ဆဲလုပ်ငန်းတွေအကြောင်း တာဝန်လွှဲပြောင်းရေး အထောက်အကူပြုအဖွဲ့တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို အန်အယ်လ်ဒီက ဦးဝင်းထိန်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ နောက်ထပ်တွေ့ဆုံဖို့ သဘောတူခဲ့ပါတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ဖေ့ဘုတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
7 years Ago