နီပေါ နှစ်သစ်ကူးပွဲတော် ကျင်းပ

April 17, 2019

နီပေါ နှစ်သစ်ကူးပွဲတော် ကျင်းပ

နီပေါနိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ကို ဧပြီ ၁၅ ရက်က  နီပေါပြည်သူတွေ ကျင်းပခဲ့ပြီး ပွဲတော်လာ ပရိသတ်တွေဟာ တယောက်ကိုတယောက် ဟင်္သာပြဒါးမှုန့်တွေနဲ့ သုတ်လိမ်းရင်း ရိုးရာပွဲကို ဆင်နွှဲကြပါတယ်။ နွေဦးရာသီ ပွဲတော်လည်းဖြစ်သလို နှစ်သစ်ကူး ပွဲတော်လည်းဖြစ်တဲ့ နှစ်စဉ်ကျင်းပနေကျ ဆင်ဒိုး ဂျာထရာ ပွဲတော်အတွက် အလယ်ခေတ် မြို့တော် ဘဒ္ဒါပူရမြို့ကို ရာနဲ့ချီတဲ့ လူတွေ စုဝေး ရောက်လာကြတာပါ။ နှစ်သစ်ကူးပွဲတော် သက်သက်မဟုတ်ဘဲ ဘာသာရေး အနှစ်သာရလည်း ပါတယ်လို့ စီးပွားရေးသမား ရမ် ဟာရီ ရှာရန်က ပြောပါတယ်။ လူကြိုက်များပြီး အရောင်စုံတဲ့ ဒီပွဲတော်ဟာ နွေဦးရာသီအတွက် နတ်ဘုရားတွေကို ကျေးဇူးတင်ကြောင်း ပြသပြီး လာမယ့်မုတ်သုန် ရာသီမှာ သီးနှံတွေ အထွက်တိုးစေဖို့ ဆုတောင်းတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ဓာတ်ပုံ- Xinhua
3 years Ago
Up