နီပေါ ငလျင်ဘေး ကယ်ဆယ်ရေးရဟတ်ယာဉ် ပျက်ကျ၊ ၄ ဦးသေဆုံး

June 28, 2015

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။ ဧပြီလ ၂၅ ငလျင် နဲ့ နောက်ဆက်တွဲ မေလ ၁၂ ငလျင်ကြောင့် လူပေါင်း ၈၈၃၂  ဦး သေဆုံးပြီး ၂၂၀၀၀ ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ အလှူရှင်နိုင်ငံများ ညီလာခံမှာ နီပေါ ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ ၄ ဒသမ၄ ဘီလီယံကို ကတိပြုထားကြပါတယ်။ ဒါပေမ့ယ် စီမံခန့်ခွဲမှုအပိုင်း အားနည်းတဲ့ နီပေါနိုင်ငံမှာ အလှူငွေတွေကို ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေသုံးစွဲမလဲဆိုတဲ့ ကိစ္စက စိန်ခေါ်မှုတခုအဖြစ် ဆက်ရှိနေပါတယ်။ နီပေါဝန်ကြီးချုပ်ကတော့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရင် လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။ တချို့ အလှူရှင်တွေကလည်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို စိုးရိမ်နေတာပါ။ အစိုးရကတော့ ဘဏ္ဍာငွေ ခွဲဝေရေးအတွက် အရာရှိတွေကို ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမယ့် နီပေါမှာ ၁၉၉၇ ကတည်းက ဒေသန္တရ ရွေးကောက်ပွဲ မကျင်းပတဲ့အတွက် နယ်ခံ လွှတ်တော်အမတ်တွေ မရှိဘဲ ဗျူရိုကရေစီစနစ်ကို တာဝန်ခံမှု ရှိအောင် ထိန်းပေးမယ့် အပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။ ဓာတ်ပုံ - CCTVnews  
6 years Ago

June 6, 2015

မလေးရှားငလျင် တောင်တက်သမားများပိတ်မိနေ

မလေးရှားနိုင်ငံ ဆာဘားပြည်နယ် ဘော်နီယိုကျွန်းမှာ  ဇွန် ၅ ရက်နေ့မနက် ၇ နာရီကျော်လောက်က   ပြင်းအား ရစ်ခ်ျတာစကေး ၆ဒသမ ၀ လောက်၇ှိတဲ့ အင်အားပြင်းမြေလျင်တခုလှုပ်ခတ်သွားပါတယ်။ ငလျင်ကြောင့် အရေ့တောင်အာရှက အမြင့်ဆုံးတောင်တခုဖြစ်တဲ့ ကီနာဘာလူ တောင်ပေါ်မှာ ပိတ်မိနေတဲ့ ရာနဲ့ချီတဲ့ တောင်တက်သမားတွေကို ကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်နေရတယ်လို့ မလေးရှား ခရီးသွားဝန်ကြီးကပြောပါတယ်။ ငလျင်ကြောင့် အဲဒီဒေသရှိ လမ်းတွေနဲ့ အဆောက်အဦတချိုပလည်း ကွဲအက်သွားပြီး တောင်တက်သမား တချို့ဒဏ်ရာရသွားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ အနည်းဆုံး တောင်တက်သမား ၄ ဦး အရိုးကျိုးပြီး ခေါင်းမှာထိခိုက်ဒဏ်ရာရသွားတယ် လို့ မလေးရှား သည်နယူးစထရိတ်တိုင်းမ်သတင်းမှာဖော်ပြပါတယ်။ တောင်တက်သမား ၂၀၀ လောက်နဲ့  မလေးရှား ဧည့်လမ်းညွန် ၄၀ လောက်ကို ကျောက်တုန်းတွလိမ့်ကျလာမယ့် အန္တရယ်ရှိနေတဲ့အတွက် တောင်ထိပ်ပေါ်မှာပဲ နေဖို့ အာဏာပိုင်တွေက ညွန်ကြားထားပါတယ်။ ကျေက်တုန်းတွေ လိမ့်ကျလာမှာ စိုးရိမ်တဲ့အတွက် လက်တလော တောင်တက်တာတွေကို ရပ်ဆိုင်း ထားရပါတယ်။ မီတာ ၄၀၀၀ ကျော်မြင့်တဲ့ ကီနာဘာလူတောင်ဟာ ကမ္ဘာ့ တောင်တက်သမားတွေအကြား လူသိများတဲ့နေရာတခုဖြစ်ပါတယ်။
6 years Ago
Up