နီပေါနိုင်ငံတွင်

May 14, 2017

နီပေါနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပ

နီပေါနိုင်ငံမှာ အနှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲ ဒီနေ့ ကျင်းပပြုလုပ်ပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်အပြီး ဆယ်စုနှစ် တခုကျော်အကြာမှာ ရွေးကောက်ပွဲလုပ်တာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆီကို ခက်ခက်ခဲခဲ အသွင်ကူးပြောင်းနေတဲ့ နီပေါနိုင်ငံအတွက် ဒါဟာအကြီးစား ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။ အဆင့် ၂ ဆင့် ပါတဲ့ ဒေသန္တရ ရွေးကောက်ပွဲကနေ ဒီနှစ်ထဲမှာ အထွေထွေ ရွေးကောက်ပွဲအဆင့်ထိ ဦးတည်သွားဖို့ အစိုးရက မျှော်လင့်နေပါတယ်။ ဒါပေမယ့် မော်ဝါဒီတွေ ဦးဆောင်တဲ့ အစိုးရနဲ့ တရားရုံးချုပ် အကြီးအကဲကြား လတ်တလော အငြင်းပွားမှုကြောင့် ရွေးကောက်ပွဲ လမ်းချော်မယ့် ဘေးလည်း ရှိနေပါတယ်။ ဒေသန္တရအဆင့် ရွေးကောက်ခံ အစိုးရ မရှိသေးလို့ တိုးတက်မှု နှောင့်နှေးနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ ၂၀၁၅ ငလျင်အပြီး ပြန်လည်တည်ဆောက်ရေး အားထုတ်မှုတွေကို လှိုက်စားနေပြီး အဂတိလိုက်စားမှုတွေ တိုးနေတယ်လို့ သူတို့က ပြောပါတယ်။ ဒေသန္တရ ရွေးကောက်ပွဲ နောက်ဆုံးအဆင့်ကို ဇွန် ၁၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူ ၁၄ သန်းက မဲပေးဖို့ အကျုံးဝင်ပါတယ်။ တိုင်းရင်းသား လူနည်းစုတွေရှိရာ တောင်ပိုင်းလွင်ပြင်ကတော့ ကိုယ်စားပြုမှု ပိုရရေး တောင်းဆိုနေပါတယ်။ နီပေါ ကွန်ဂရက်ပါတီ အကြီးအကဲ ရှား ဗဟာဒူးနဲ့ အာဏာခွဲဝေရေး သဘောတူညီချက် အရ ဝန်ကြီးချုပ် ပရာချန်ဒါက ရာထူးက ဆင်းပေးမယ်လို့ မျှော်လင့်နေကြပါတယ်။
4 years Ago
Up