နီပေါနိုင်ငံမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၁၁၅ ဦးအထိ မြင့်တက်လာပြီး နောက်ထပ် ၃၈ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေက သြဂုတ် ၁၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နီပေါနိုင်ငံရဲ့ ၇၅ ခရိုင်မှာ ၂၆ ခရိုင်ဟာ ရေကြီးမှု ဒါမှမဟုတ် မြေပြိုမှုနဲ့ ကြုံတွေ့နေရတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ဆိုပါတယ်။
ဗွီဒီယိုထဲမှာ ရေဘေးသင့်ပြည်သူတွေက အထုပ်အပိုးတွေနဲ့ ရေထဲမှာ ဖြတ်သွားနေပြီး ရဲတပ်ဖွဲ့ဝင်တွေက ကူညီပေးနေတာ မြင်တွေ့ရပါတယ်။
အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရိက္ခာဖြန့်ဝေရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နီပေါရေဘေးကြောင့် ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ကျွဲနွားတွေ ဆုံးရှုံးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago