နီပေါတွင် ပျောက်ဆုံး အမေရိကန် ရဟတ်ယာဉ်တွေ့ပြီ

June 26, 2015

အမေရိကန် အားကစားငွေကြယ်ပွင့် အိမ်တွင်းညှဉ်းပန်းမှုဖြင့် တရားစွဲခံရ

အမေရိကန်နိုင်ငံ အမျိုးသားဘောလုံးအသင်း ကစားသမားဟောင်း ဝါရန်ဆာ့ပ်ကို အိမ်တွင်းနှိပ်စက် ညှဉ်းပန်းမှုနဲ့ ဇွန် ၂၅ ရက်နေ့က လပ်စ်ဗီးဂတ်စ်မြို့မှာ တရားစွဲလိုက်ပါတယ်။ ပြည့်တန်ဆာမြူဆွယ်မှုနဲ့ အဖမ်းခံရအပြီး လပိုင်းအတွင်း ခုလို တရားစွဲခံရတာပါ။ အဖမ်းခံဖို့ ဆင့်ခေါ်ထားကြောင်း လပ်စ်ဗီးဂတ်စ် တရားရုံးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဆာ့ပ်နဲ့ ၅ နှစ်ကြာတွဲခဲ့တဲ့ ရည်းစား ချားလက်စ်မိုးတို့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ရန်ပွဲကြောင့် တရားစွဲတာလို့ ကလာ့ခ်မြို့နယ်ရှေ့နေရုံးက ပြောပါတယ်။ M Resort Spa လောင်းကစားရုံရဲ့ ရေကူးကန်ဧရိယာမှာ ဆာ့ပ်ဟာ သူ့လက်ချောင်းကို ကိုက်ခဲ့ပြီး မျက်နှာကို ခြေထောက်နဲ့ တက်နင်းခဲ့တယ်လို့ ချားလက်စ်မိုးက ရဲကို ပြောပါတယ်။ စွဲချက်ကို ဆာ့ပ်က လုံးဝငြင်းတယ်လို့ ဆာ့ပ်ရဲ့ရှေ့နေ ခရေ့ခ်ျ မာရန်စ်က ပြောပါတယ်။ ဆာ့ပ်ဟာ မေလကလည်း ဖီးနစ်ဟိုတယ်မှာ ပြည့်တန်ဆာ ၁ ဦးကို မြူဆွယ်မှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ၂ မှုနဲ့ စွဲချက်တင်ခံရပြီး အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင့် ဆာ့ပ်ဟာ အမျိုးသမီး ၂ ဦးနဲ့ ငွေကြေးအငြင်းပွားမှု တရပ်ဖြစ်ပွားပြီး အဖမ်းခံရချိန်က သူဟာ NFL ကွန်ရက်အတွက်  ပွဲစဉ်တခုကို အကဲခတ်အဖြစ် ဖီးနစ်မြို့မှာ တက်ရောက်နေချိန်ပါ။ ဒီကိစ္စအပြီးမှာ ကွန်ရက်ကနေ အလုပ်ထုတ် ခံခဲ့ရပါတယ်။ ဆာ့ပ်ဟာ Tampa Bay Buccaneers နဲ့ the Oakland Raiders အသင်းတွေမှာ ၁၃ ရာသီ ကစားခဲ့အပြီး ၂၀၁၃ ခုနှစ်မှာ အားကစားငွေကြယ်ပွင့်အဖြစ် စာရင်းသွင်းခံခဲ့ရပါတယ်
6 years Ago

June 20, 2015

ကယ်လီဖိုးနီးယား တောမီး လူ ၁၅၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ ဘစ်ဘဲ - ၀က်ဝံကြီး ရေကန် တ၀ိုက်မှာ တောမီးလောင်နေတာကြောင့် အနီးအနားကလူ ၁၅၀ ကို ဘေးလွတ်ရာ ရွှွေှ့ပြောင်းလိုက်ရတယ်လို့ နယ်ခံ အရာရှိတွေက ပြောပါတယ်။ ရေကန်ကြီးတ၀ိုက်က တောင်တက်လမ်းတွေနဲ့ လမ်းသွယ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ တောမီးဟာ ဇွန် ၁၇ ရက်နေ့က စတင်လောင်ကျွမ်းခဲ့ပြီး ဆယ်ပုံတပုံလောက်ကိုပဲ ငြိမ်းသက်နိုင်ပါတယ်။ မီးလောင်ရာလေပင့် အခြေအနေကြောင့်လည်း နေ့ချင်းညချင်း ကျယ်ပြန့်သွားတာလို့ အာဏာပိုင်တွေကပြောပါတယ်။ ခြောက်သွေ့ရာသီမှာ စိုက်ခင်းတွေကို မီးရှို့တာကြောင့် တောမီးစလောင်တာ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ လောလောဆယ် မီးသတ်သမား အင်အား ၁၂၀၀ ကို သုံးပြီး မီးငြိမ်းသတ်နေပါတယ်။ ၀က်ဝံကြီး ရေကန်ကို ဆန်း ဘာနတ်ဒင်နို သစ်တောက ဖုံးလွှမ်းထားပြီး အနီးအနားမှာ အမြဲတမ်း အခြေချနေထိုင်သူ ၂၁၀၀၀  ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၆၇၅၀ ကနေ ၉၀၀၀ အတွင်းမှာ အပမ်းဖြေစခန်းပေါင်း ၇ ခုလည်း ရှိပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်း အတိအကျကိုတော့ ဆက်လက်စုံစမ်းေ်နပါတယ်။
6 years Ago
More News
Up