နီပေါတွင် အမျိုးသမီးတဦးကို ပြိုကျအဆောက်အအုံထဲက ကယ်တင်

June 28, 2015

နီပေါငလျင်ဘေး ၂ လပြည့် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

နီပေါနိုင်ငံမှာ လူ ၈၈၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်ဘေး ၂ လ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ကက်သမန်ဒူမြို့က ရင်ပြင်တခုမှာ ဇွန် ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ငလျင်ကြောင့် အိမ်ပေါင်း သန်းတ၀က်လောက်လည်း ပျက်စီးခဲ့ပါတယ်။ ကွယ်လွန်သွားသူတွေရဲ့ ၀ိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာလို့ ဦးဆောင်သူ အန်နာပါနာ ပုံနှိပ်တိုက်ရဲ့ ကိုယ်စားလှယ် ရှီလူ အာဟီကရေးက ရှင်းပြပါတယ်။ ဧပြီလ ၂၅ ငလျင် နဲ့ နောက်ဆက်တွဲ မေလ ၁၂ ငလျင်ကြောင့် လူပေါင်း ၈၈၃၂  ဦး သေဆုံးပြီး ၂၂၀၀၀ ဒဏ်ရာရခဲ့ပါတယ်။ ဇွန်လ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ အလှူရှင်နိုင်ငံများ ညီလာခံမှာ နီပေါ ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ ၄ ဒသမ၄ ဘီလီယံကို ကတိပြုထားကြပါတယ်။ ဒါပေမ့ယ် စီမံခန့်ခွဲမှုအပိုင်း အားနည်းတဲ့ နီပေါနိုင်ငံမှာ အလှူငွေတွေကို ဘယ်လိုပုံစံမျိုးနဲ့ ခွဲဝေသုံးစွဲမလဲဆိုတဲ့ ကိစ္စက စိန်ခေါ်မှုတခုအဖြစ် ဆက်ရှိနေပါတယ်။ နီပေါဝန်ကြီးချုပ်ကတော့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရင် လုံးဝ သည်းခံမှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။ တချို့ အလှူရှင်တွေကလည်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို စိုးရိမ်နေတာပါ။ အစိုးရကတော့ ဘဏ္ဍာငွေ ခွဲဝေရေးအတွက် အရာရှိတွေကို ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပေမယ့် နီပေါမှာ ၁၉၉၇ ကတည်းက ဒေသန္တရ ရွေးကောက်ပွဲ မကျင်းပတဲ့အတွက် နယ်ခံ လွှတ်တော်အမတ်တွေ မရှိဘဲ ဗျူရိုကရေစီစနစ်ကို တာဝန်ခံမှု ရှိအောင် ထိန်းပေးမယ့် အပိုင်းမှာတော့ အခက်အခဲတွေ ရှိနေပါတယ်။ ဓာတ်ပုံ - CCTVnews  
6 years Ago

June 6, 2015

အမျိုးသမီးများ လိင်စိတ်နိုးကြားစေမည့်ဆေး အမေရိကန် အက်ဖ်ဒီအေ ခွင့်ပြုပြီ

လိင်စိတ်အားနည်းပြီး အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ အမေရိကန်အမျိုးသမီးတွေအတွက် လိင်စိတ်နိုးကြားစေမယ့် အမျိုးသမီး Viagra လိုဆေးတမျိုးကို အမေရိကန်ဆေးဝါးနဲ့အစားအစာထိန်းချုပ်ရေးအဖွဲ့ (အက်ဖ်ဒီအေ) က ဇွန် ၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။ အက်ဖ်ဒီအေ အကြံပေးအဖွဲ့က ၁၈ မဲ ၆ မဲနဲ့ ဒီဆေးကို ဈေးကွက်တင်ရောင်းချဖို့ ထောက်ခံခဲ့ပေမယ့် အလွတ်ထောက်ခံခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ သုံးစွဲသူ အမျိုးသမီးတွေအနေနဲ့ ဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ အသိပေးရမှာနဲ့ ဆရာဝန်ရဲ့ ထောက်ခံချက်ရယူဖို့ အကြံပြုထားပါတယ်။ ဒီဆေးကို လာမယ့် သြဂုတ်လမှာ တရားဝင်ထုတ်လုပ်ရောင်းချဖို့ ခွင့်ပြုလိုက်ရင်တော့ လိင်စိတ်ဆန္ဒ အားနည်းသူအမျိုးသမီးတွေနဲ့၊ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေသူ အမျိုးသမီးတွေကို ကုစားနိုင်မယ့် ပထမဆုံးဆေးတမျိုးဖြစ်လာမှာပါ။ ပထမနှစ်ကြိမ်အဆိုပြုခဲ့တုံးကတော့ အက်ဖ်ဒီအေက ၂ ကြိမ်လုံး ပယ်ချခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးပေါင်ကျတာ၊ အမှတ်မထင်သတိလစ် မေ့မျောနိုင်တဲ့အတွက် မတော်တဆ ထိခိုက်သေဆုံးအန္တရာယ်တွေဖြစ်နိုင်တာ၊ ဒီဆေးတွေနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူတာမျိုးတွေ ရှိလာနိုင်တာကိုလည်း အကြံပေးအဖွဲ့ဝင်တချို့က စိုးရိမ်မှုတွေရှိခဲ့တာပါ။ ဒီဆေးကို လက်ရှိလည်း စမ်းသပ်နေပြီး တရားဝင်ထုတ်ခွင့်ရအောင်လည်း ကြိုးစားနေတဲ့ Sprout ဆေး ကုမ္ပဏီကတော့ အမျိုးသားတွေအတွက် ဗီယာဂရာဆေးကိုတော့ ၁၉၉၈ ကတည်းက ခွင့်ပြုထားပြီး အမျိုးသမီးတွေအတွက် ခွင့်မပြုတာကတော့ ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲခဲ့ပေမယ့် အက်ဖ်ဒီအေကတော့ ငြင်းဆိုပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာတဲ့ အမျိုးသမီး ဆယ်ယောက်ကျော်ကလည်း သူတို့ လိင်စိတ်အားနည်းပြီးဖြစ်ရတဲ့ အိမ်ထောင်ရေးပြဿနာတွေကို အက်ဖ်ဒီအေ အကြံပေးအဖွဲ့ရှေ့မှောက်မှာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။
7 years Ago
More News
Up