နီပေါနိုင်ငံမှာ သြဂုတ် ၁၃ ရက်နေ့က မိုးကြီးလို့ နေရာအတော်များများ ရေလွှမ်းပြီး မြေပြိုခဲ့ပါတယ်။
ဒါကြောင့် ရာသီဥတုဆိုးရွားတဲ့ ၃ ရက်အတွင်း သေဆုံးသူ အနည်းဆုံး ၄၉ ဦး ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။
လူအယောက် ၃ ဒါဇင်လောက် ပျောက်နေကြောင်း အစီရင်ခံထားလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်သလို လူ ၁၇ ယောက်လည်း ဒဏ်ရာရထားပါတယ်။
သြဂုတ် ၁၂ ရက်နေ့က ဘီရတ်နာဂါလေဆိပ်မှာ ရေကြီးသလို နိုင်ငံအရှေ့ပိုင်း စီရာဟာနဲ့ ဆပ္ပတာရီ ဒေသတွေမှာလည်း အကြီးအကျယ် ရေကြီးနေလို့ လူတွေကို ဘေးကင်းရာ ရွှေ့ပေးနေရပါတယ်။
နိုင်ငံတောင်ပိုင်း လွင်ပြင်ဒေသတွေ အများစုမှာ မိုးကြီးလို့ လူအယောက် ၅၀၀၀ လောက်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို စစ်တပ်နဲ့ ရဲအရာရှိတွေက ဆက်ပြီး လုပ်ဆောင်နေပါတယ်။
အိမ်ခြေ ၃ သောင်း ၄ ထောင်ကျော် ရေလွှမ်းမိုးခံနေရတယ်လို့ အရာရှိတွေက ပြောပါတယ်။
5 years Ago