အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်နဲ့ နီဗားဒါးပြည်နယ်ကြား နယ်စပ်နားမှာ တောမီး အကြီးအကျယ်လောင်နေလို့ သြဂုတ်လ ၁၅ ရက်မှာ မီးသတ်သမားတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပါတယ်။
မီးလေပွေတွေ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးခဲ့ပြီး ကယ်လီဖိုးနီးယား မြောက်ပိုင်းက ပလူမတ်စ်နဲ့လက်ဆန်မြို့နယ်တွေကို ဘေးကင်းရာ ရွှေ့ပေးဖို့ အမိန့်ထုတ်ခဲ့တာပါ။
“ဆိုးရွားတဲ့ မီးဘေးအခြေအနေက ဒီညနေထိ ဆက်ရှိနေနိုင်တယ်။ တောမီးလောင်ချိန် လေဆင်နှာမောင်း တိုက်လို့ အခြေအနေပေါင်းပြီး မီးဆင်နှာမောင်းအသစ်တွေ တနာရီ မိုင် ၆၀နှုန်း အားပြင်းတဲ့လေပြင်းတွေ ဆက်ပြီး တိုက်ခတ်နိုင်တယ်”လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
ဒါကြောင့် မီးငြှိမ်းသတ်သူတွေအနေနဲ့ အလွန်အမင်း သတိထားသင့်တယ်လို့လည်း တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
တောမီးဟာ ဧက ၂၀၀၀၀ ဝန်းကျင်လောက်ကို လောင်ကျွမ်းခဲ့ပြီး ဇူလိုင်လ ၁၅ ရက်ညနေမှာ မီးလောင်မှုရဲ့ ၅ ရာခိုင်နှုန်းကိုသာ ထိန်းနိုင်သေးတယ်လို့ ဒေသခံမီဒီယာတွေက ရေးပါတယ်။
2 years Ago