နီကာရာဂွါနိုင်ငံ ဆန္ဒပြမှုအတွင်း

April 21, 2018

နီကာရာဂွါနိုင်ငံ ဆန္ဒပြမှုအတွင်း ရဲ ၁ ဦးအပါအ၀င် ၄ ဦး သေဆုံး

နီကာရာဂွါနိုင်ငံမှာ လူမှုဖူလုံရေးထောက်ပံ့ကြေး ဥပဒေပြင်ဆင်မှုကြောင့် ဆန့်ကျင်ဆန္ဒပြရာက ရဲအရာရှိ ၁ ဦး အပါအ၀င် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့တယ်လို့ ကြက်ခြေနီဌာနက ဧပြီ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အခု သီတင်းပတ်အစောပိုင်းက အတည်ပြုလိုက်တဲ့ ၀န်ထမ်းလစာတိုးမြှင့်ဖို့နဲ့ ပင်စင်လစာ လျှော့ချမယ့် ဥပဒေ ပြင်ဆင်ချက်ကြောင့် နီကာရာဂွါမှာ ဆန္ဒပြနေခဲ့တာ သုံးရက်မြောက်နေ့ကို ရောက်လာခဲ့ပါပြီ။ မြို့တော် မနာဂွါမှာ ဧပြီ ၁၉ ရက်နေ့က ရဲအရာရှိတဦးနဲ့ ဆန္ဒပြလူငယ်တဦး ပစ်သတ်ခံခဲ့ရပါတယ်။ နောက်ထပ်လူငယ် တဦးကတော့ မန်နာဂွါမြို့ အရှေ့မြောက်ပိုင်း တီပီတာပါမြို့မှာ ပစ်သတ်ခံခဲ့ရတာပါ။ ဧပြီ ၁၉ ရက်နေ့ တရက်တည်းမှာပဲ ဆန္ဒပြမှုတွေအတွင်း ဒဏ်ရာရသူ ၄၈ ဦးရှိခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့ရဲ့ ပြောကြားချက်ကို ကိုကားပြီး ရိုက်တာသတင်းဌာနက အစီရင်ခံ ထားပါတယ်။
3 years Ago
Up