နီကာရာဂွါအစိုးရ

April 6, 2019

ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခဲ့သူ ၅ဝ ကျော်ကို နီကာရာဂွါအစိုးရ ပြန်လွှတ်ပေး

သမ္မတ အိုတေဂါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရသူ အယောက် ၅၀ ကို နီကာရာဂွါအစိုးရက ဧပြီ ၅ ရက်မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသား အရေအတွက်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ အတိုက်အခံတွေအကြား သဘောထား ကွဲပြားတာတွေ ဆက်ရှိနေဆဲပါပဲ။ နီကာရာဂွါနိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရနဲ့ အတိုက်အခံတွေအကြား ဆွေးနွေးနေချိန်မှာပဲ အကျဉ်းသားလွှတ်ရေးမှာ နိုင်ငံတကာ  ကြက်ခြေနီအဖွဲ့ပါဝင်မယ်ဆိုတဲ့ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြပွဲ ကာလအတွင်း အစိုးရက လူအယောက် ၂၆၀ ထိန်းသိမ်းခဲ့တယ်လို့ ပြောပေမယ့် အတိုက်အခံတွေကတော့ လူ ၆၀၀ ကျော် ထိန်းသိမ်းခံရတယ်လို့ ဆိုပါတယ်။ နီကာရာဂွါအစိုးရနဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးပွဲကို ရိုမန် ကတ်သလစ် ဘုရားကျောင်းက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖြော်ပထားပါတယ်။
3 years Ago

March 16, 2019

နိုင်ငံရေးဆွေးနွေးပွဲ ပြန်စနိုင်ရေးအတွက် အကျဉ်းသား ၅၀ ကို နီကာရာဂွါအစိုးရ ပြန်လွှတ်

နီကာရာဂွါအစိုးရဟာ  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်စနိုင်ရေး မျှော်လင့်ချက်နဲ့ မတ် ၁၅ ရက်နေ့က အကျဉ်းသား ၅၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ ဒုတိယအသုတ် လွှတ်ပေးတာဖြစ်ပြီး အစိုးရနဲ့ အတိုက်အခံ ဆွေးနွေးပွဲ စတင်တဲ့  ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း အကျဉ်းသား ၁၀၀ ကို လွှတ်ပေးခဲ့ပါတယ်။ အတိုက်အခံတွေက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမှသာ ဆွေးနွေးပွဲ ဆက်လုပ်မယ် တောင်းဆိုလို့ ပြီးခဲ့တဲ့ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။ ထိန်းသိမ်းခံရသူတွေကို ကိုယ်စားပြုတဲ့ ကော်မတီက နိုင်ငံရေး အကျဉ်းသား ၅၇၀ ကျော် အချုပ်ကျနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ အကျဉ်းသားတဦးရဲ့ မိခင်က “ဒီနေ့ အယောက် ၂၀၀ လွှတ်ပေးရင် မနက်ဖြန် အယောက် ၃၀၀ ပြန်ဖမ်းလိမ့်မယ်။ အခုလည်း လူငယ်တွေကို ဖမ်းနေကြတယ်။ အရင်ဆုံး ဖမ်းတာတွေ ရပ်တန်းက ရပ်ပြီးမှ တွေ့ဆုံဆွေးနွေးရေး လုပ်သင့်တယ်”လို့ ပြောပါတယ်။ြ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေကို မြို့နေပြည်သူတွေက အလံတွေ ဝှေ့ရမ်း ကြိုဆိုခဲ့ပါတယ်။
3 years Ago
Up