လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လူငယ်တွေနိုးကြားတက်ကြွစွာ မဲပေးကြဖို့ ဆော်သြတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ “နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဖျော်ဖြေပွဲမှာ ပန်းရောင် ခြယ်၊ မေလသံစဉ်တို့နဲ့အတူ တခြားနာမည်ကြီး အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။
Tune Up To Vote Music Show လို့အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဒီကနေ့ည ၉ နာရီမှာ First Time Youth Voters for 2020 ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Tune Up To Vote ယူကျုဘ်ချန်နယ်လ်တွေမှာ ထုတ်လွှင့်သွားမှာဖြစ်ကာ မဇ္ဇိမနဲ့ ဒီဗွီဘီရုပ်သံလိုင်းတွေက တဆင့်လ ည်း စောင့်မျှော်ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲမှာတော့ လူငယ်ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ ပန်းရောင်ခြယ်၊ မေလသံစဉ်တို့ နဲ့အတူ တခြားနာမည်ကြီး အနုပညာရှင်တွေ ဖြစ်ကြတဲ့ Ar-T၊ ဉက္ကာဦးသာ၊ ဘန်နီဖြိုး၊ Eternal Gosh၊ မိစန္ဒီ၊ အုပ်စိုးခန့်စတဲ့ နာမည်ကြီး အဆိုတော်တွေရဲ့ အမိုက်စား ဖျော်ဖြေမှုတွေ၊ Tune Up To Vote ဂီတဖန်တီးမှုပြိုင်ပွဲ အနိုင်ရရှိသူတွေ ဖြစ်ကြတဲ့ June Hpaan၊ ဇေယျာပိုင်၊ Mosses တို့ရဲ့ ဖျော်ဖြေမှုတွေကိုပါ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
2 years Ago