နိုလ်

September 19, 2020

ကုန်းတွင်းမုန်တိုင်းငယ် ကရင်ပြည်နယ်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်

ထိုင်းနိုင်ငံပေါ်မှာ ရောက်ရှိနေတဲ့ အပူပိုင်းမုန်တိုင်း နို(လ်) ဟာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီနေ့မွန်းလွဲပိုင်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ကို မြဝတီမြို့အနီးမှ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ထားပါတယ်။ ကုန်းတွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ဒီနေ့မနက်ကစပြီး စက်တင်ဘာ ၂၂ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ ကုန်းတွင်းမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
8 months Ago
Up